Let's find out about PEST & INSECTS

Knowledge Articles

ကြမ်းပိုး (bed bug) ကြမ်းပိုးနှိမ်နင်းမှုများ အလုပ်မဖြစ်ရခြင်း အကြောင်းရင်းများနှိမ်နင်းမှုများ အလုပ်မဖြစ်ရခြင်း အကြောင်းရင်းများ

ကြမ်းပိုး (bed bug) များကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ အောက်ပါအချက်များကို သင်သိရှိထားမယ်ဆိုရင် အထောက်အကူပြုမှာ အမှန်ဖြစ်ပါတယ်။

(၁) မျိုးရိုးဗီဇပြောင်းလဲနိုင်စွမ်း

ကြမ်းပိုးမျိုးနွယ်စုဟာ အတော်လေး ထူပေနာပေခံတဲ့ သွေးစုပ်ကပ်ပါးတွေ ဖြစ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်သမိုင်းတလျောက် ပတ်ဝန်းကျင်စိန်ခေါ်မှု အမျိုးမျိုးကို အလွယ်တကူ ပြောင်းလဲကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အဆိပ်အတောက်မျိုးစုံကိုတောင် ခံနိုင်ရည်ရှိလာတဲ့အထိ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြောင်းလဲနိုင်စွမ်းရှိတဲ့ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားပါတယ်။ ဓာတုဆေးတွေ ကွက်တိချိန်ရွယ် တိုက်ခိုက်ခံရတဲ့ခန္ဓာကိုယ်ထဲက စနစ်တွေကိုတောင် မျိုးဆက်သစ်တွေကျရင် ကွက်တိပြောင်းလဲနိုင်ကြအောင် လက်ဆင့်ကမ်းကြပါတယ်။

(၂) ကြမ်းပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်း

စနစ်မကျတဲ့၊ လိုတာထက်ပိုတဲ့ ကြမ်းပိုးသတ်ဆေး သုံးစွဲမှုတွေက ကြမ်းပိုးမျိုးနွယ်စုကို ဖိအားအလွန်အမင်း ခံစားရစေပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ဒီဆေးတွေကို ခံနိုင်ရည်ရလာကြပါတယ်။ ဒါကြောင့် ကြမ်းပိုးတွေကို တိုးတဲ့ ကြမ်းပိုးသတ်ဆေးတွေ ရှားလာကြတာ ဖြစ်ပါတယ်။

(၃) အဆိပ်ပြန်ဖြေနိုင်စွမ်း ရှိကြခြင်း

တော်ရုံကြမ်းပိုးသတ်ဆေးတွေကို ပြန်ဖြေပစ်နိုင်တဲ့ အဆိပ်ဖြေအင်ဇိုင်းတွေ ထုတ်နိုင်ကြပါတယ်။

(၄) ပါးနပ်သော သဘာဝအသိ ရှိကြခြင်း

ဆေးဖျန်းထားတဲ့နေရာတွေကို ရှောင်တတ်ပါတယ်။ ပုန်းစရာနေရာကောင်းကို ရှာတတ်ကြပါတယ်။

(၅) ဆေးဖျန်းရာတွင် စနစ်မကျခြင်း

အထူးသဖြင့် ဆေးအချိန်အဆ မတွက်တတ်တဲ့အတွက် ဆေးယဉ်ပါးမှုတွေ ဖြစ်စေပါတယ်။

(၆) ဆေးအမျိုးအစားနည်းခြင်း

ကြမ်းပိုးတွေကို နိုင်တဲ့ ဆေးဝါးဓာတုပစ္စည်းတွေက တခြား pest တွေထက်စာရင် နည်းပါတယ်။ ဒါကြောင့် ရွေးစရာသိပ်မရှိဘဲ ဒီအထဲကပဲ ပြန်သုံးကြရင်း ကြမ်းပိုးတွေက ဆေးယဉ်ပါးမှု ပိုရကုန်ကြတာပါ။

ကြမ်းပိုး (bed bug) တစ်ခါကျဖူးပြီဆိုရင် Integrated Pest Management (IPM) စနစ်ကို သေချာသုံးမှသာ ကင်းစင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကျန်ကိုနေတတ်ပါတယ်။ ဓာတုဆေးဝါးပါတဲ့ နည်းတွေနဲ့သာမက ဓာတုဆေးမပါတဲ့ နည်းတွေနဲ့ပါ စနစ်တကျ တိုက်ထုတ်ရတာ ဖြစ်ပါတယ်။ ဓာတုဆေး နည်းမှ ရေရှည်အတွက် ပိုအောင်မြင်တာ ဖြစ်ပါတယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

ရေနံချေး (oil dregs) သုတ်တာနဲ့ ခြ termite တွေကို နိုင်ပြီလား ?

ခြ (termite) တွေ ပြေးမလားလို့ သုတ်မိတာ ရေနံချေးကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်က ခြနဲ့ ရေနံချေး ဘာမှ မဆိုင်ပါဘူး။

Bagan Trip in 2025

Termites can eat

ခြ Termites တွေဟာ ဘယ်လောက်စားနိုင်သလဲ ?

ခြအုံ (termites hive) တစ်အုံရဲ့ စားအားဟာ တစ်နေ့ကို သစ်သားတစ်ပေါင်စာ ရှိပါတယ်

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။

Termites like Rock Music

ခြတွေဟာ ရော့ခ်ဂီတ Rock Music ကို နှစ်သက်တတ်ပါသလား ?

ခြတွေဟာ ရော့ခ်ဂီတသံ (rock music) တွေ ကြားရရင် အလုပ်တွေ ပိုကြိုးစားပြီး …