ပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသော အင်းဆက်အမျိုးအစားဖြစ်သည်

Bee

Bee (ပျား)

  • ပျားများသည် ပုံသေမဟုတ်သော အရောင်အဆင်းရှိကျပြီး ဝမ်းဗိုက်ပိုင်းတွင် အဝါနှင့်အညိုစသော အကွက်နှင့်လိုင်းများရှိသည်။ ဦးခေါင်း၊ ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းများတွင် အမွှေးထူများဖြင့် ဖုံးအုပ်ထားပြီး ခြေထောက်နှင့် မျက်လုံးများအနီးတွင်လည်း ထိုကဲ့သို့ အမွှေးထူများဖြင့် ဖုံးအုပ်ထားသည်။ ပျားများသည် အုပ်စုဖွဲ့အသိုက်ဆောက်နေထိုင်ပြီး ပျားဘုရင်မတစ်ဦးတည်းကသာ ခေါင်းဆောင်အုပ်ချုပ်သည်။
  • ပျားများသည် ပုံမှန်အားဖြင့် သစ်တော၊ ဥယျာဉ်ခြံများ၊ ပန်းစိုက်ခင်းများတွင် အသိုက်လုပ်နေထိုင်ကျပြီး ပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသော အင်းဆက်အမျိုးအစားများဖြစ်သည်။ အသိုက်အနီးသို့ ကျုးကျော်လာသူများကို အစောင့်ပျားများက တုံ့ပြန်တိုက်ခိုက်သော အမူအကျင့်ရှိသည်။ ပုံမှန်မဟုတ်ပဲ လူနေအိမ်များတွင် လာရောက်အသိုက်ဖွဲ့ကျပြီး အသိုက်ကို ကာကွယ်သော သဘောနှင့် အိမ်အနီးဝန်းကျင်တွင်ရှိသော လူ၊ ကလေးများနှင့် တိရိစ္ဆာန်များကို တိုက်ခိုက်တတ်ကျသည်။ ပျားများသည် အဆိပ်ဆူးများနှင့် ထိုးသွင်းတတ်ပြီး ပျားတစ်ကောင်သည် တစ်ကြိမ်သာ အဆိပ်ဆူးအား အသုံးပြုနိုင်သည်။ လုပ်သားပျားများ၏ အဆိပ်ဆူးသည် ၎င်းတို့၏ အတွင်းကလီစာနှင့် ချိတ်ကဲသို့ ချိတ်ဆက်ထားသောကြောင့် အဆိပ်ဆူးဖြင့် ထိုးသွင်းပြီးလျှင် ပျားများ သေဆုံးသွားခြင်းဖြစ်သည်။ ပျားများ ၎င်းတို့၏အဆိပ်ဆူးနှင့် ထိုးသွင်းနေချိန်တွင် တစ်ပြိုင်နက် Pheromones (အန္တရာယ်ရှိသော အနံ့တစ်ခု) ထုတ်လွှတ်သဖြင့် အခြားသောပျားက ထိုအနံ့ကြောင့် ဝိုင်းဝန်းတုတ်ခြင်းဖြစ်သည်။