Let's find out about PEST & INSECTS

Knowledge Articles

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာ (၄) ခု

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများဆုံး မြင်တွေ့ရတဲ့ ပိုးဟပ်မျိုးစိတ်တစ်ခုကတော့ ဂျာမန်ပိုးဟပ် German Cockroach ပါပဲ။ ဒါက လူမျိုးရေးခွဲခြားတဲ့ စကားလုံးတစ်ခုတော့ မဟုတ်ပါဘူး။ မျိုးစိတ်ခွဲပညာရှင် Linneus ကိုယ်တိုင် ဂျာမနီက နမူနာကနေ ယူပြီး အမည်ပေးခဲ့လို့ တွင်သွားတာလို့ သိရပါတယ်။ သိပ္ပံနာမည်ကိုက Blattella Germanica ဖြစ်ပါတယ်။ ဂျာမန်ပိုးဟပ်တွေရဲ့ ပြဿနာက လူတွေနဲ့ နီးနီးစပ်စပ် ရှင်သန်ချင်ကြတာပါ။ အစာရေစာပေါတဲ့ မီးဖိုချောင်၊ စားသောက်ဆိုင်နဲ့ ဂိုဒေါင်လိုနေရာတွေမှာ ကျက်စားပေါက်ပွားပါတယ်။

German Cockroach

သူတို့က ပြဿနာ (၄) ခုပေးပါတယ်။

(၁) မျိုးပွားနှုန်း အရမ်းမြန်တာ

ဂျာမန်ပိုးဟပ် (German Cockroach) ကျပြီဆို ကောင်ရေတိုးတာ တအားမြန်တော့ လျှော့တွက်မိရာကနေ ဆုံးရှုံးမှုတွေ ပိုများစေပါတယ်။ တချိန်တည်းမှာ ဘိုးဘေးဘီဘင် မျိုးဆက် ၆ ဆက်အထိ တူတူရှင်သန်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဖျက်ဆီးအားက မသေးပါ။

(၂) ရောဂါပိုးတွေ သယ်ဆောင်တာ

ပိုးဟပ်တွေက ဘက်တီးရီးယား၊ ဗိုးရပ်စ်တွေအပြင် ကပ်ပါးပိုးတွေကိုပါ သယ်ဆောင် ဖြန့်ဝေပါတယ်။ လူတွေက ခြင်တို့ ကြွက်တို့ကို ကြောက်ကြပေမဲ့ ပိုးဟပ်ကိုတော့ လျှော့တွက်တတ်ကြပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့အစာအဆိပ်သင့်ခြင်းတွေ အပါအဝင် ရောဂါများစွာကို ဖြစ်စေတဲ့ pest တွေ ဖြစ်ပါတယ်။

(၃) ပန်းနာရင်ကျပ်နဲ့ ဓာတ်မတည့်ရောဂါတွေကို ပိုဆိုးစေတာ

ပိုးဟပ်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ ဆဲလ်အသေမှုန့်တွေ၊ တံတွေးတွေမှာ လူအများစုကို ဓာတ်မတည့်စေတဲ့ အာနိသင်ရှိလို့ ဒီလိုဓာတ်မတည့်သူတွေကို ပိုဆိုးလာစေတတ်ပါတယ်။

(၄) ဆေးတွေကို ခံနိုင်ရည်ရှိလာတာ

ပိုးဟတ်သတ်ဆေးတွေကို ပြင်းထန်တာတွေ သုံးတာ၊ ပမာဏများများ သုံးတာ စသဖြင့် စနစ်မကျဘဲ ထင်သလို နှိမ်နင်းကြလို့ ဒီလို ဆေးယဉ်ပါးပိုးဟပ်တွေ ဖြစ်လာတတ်ကြပါတယ်။ ဒီအခါမှာ နှိမ်နင်းရပိုခက်ပြီး ဒဏ်ပိုခံရတတ်လို့ စနစ်ကျတဲ့ Integrated Pest Management နဲ့သာ ကိုင်တွယ်ဖြေရှင်းရပါမယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

Termites can eat

ခြ Termites တွေဟာ ဘယ်လောက်စားနိုင်သလဲ ?

ခြအုံ (termites hive) တစ်အုံရဲ့ စားအားဟာ တစ်နေ့ကို သစ်သားတစ်ပေါင်စာ ရှိပါတယ်

ကြမ်းပိုး (bed bug) ကြမ်းပိုးနှိမ်နင်းမှုများ အလုပ်မဖြစ်ရခြင်း အကြောင်းရင်းများနှိမ်နင်းမှုများ အလုပ်မဖြစ်ရခြင်း အကြောင်းရင်းများ

ကြမ်းပိုး (bed bug) တစ်ခါကျဖူးပြီဆိုရင် Integrated Pest Management (IPM) စနစ်ကို သေချာသုံးမှသာ ကင်းစင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကျန်ကိုနေတတ်ပါတယ်။

Rat & Water Flood

ကြွက် – Rat တွေက ရေကူးကျွမ်းကျင်သူတွေဖြစ်တယ်

ကြွက် – Rat တွေဟာ ရေထဲမှာ သုံးရက်လောက်အထိ ကိုယ်ဖော့ပြီး အသက်ရှင်နေနိုင်ကြပါတယ်

Rats' Birth Rate

ကြွက်မ (female rat) တစ်ကောင်ရဲ့ သားပေါက်နှုန်းကို သိပါသလား ?

ကြွက်မ (female rat) တစ်ကောင်ဟာ ပျှမ်းမျှအားဖြင့် ရက်သတ္တပတ် (၃) ပတ်တိုင်းမှာ ကြွက်ကလေး (၆)ကောင်မွေး ထုတ်နိုင်ပါတယ်

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၂)

ခြ (termite) နဲ့ ပုရွက်ဆိတ် (ant) ဟာ ဘာမှမတူတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ တခါတလေမှာ ခြတွေကို ပုရွက်ဆိတ်လို့ ထင်ပြီး လုပ်သင့်တာလုပ်ကြဖို့ နှောင့်နှေးတတ်ကြလို့ သေချာခွဲခြားကြည့်သင့်ပါတယ်။