လူနှင့် အခြားသော တိရိစ္ဆာန်များကို အန္တရာယ်ပေးလေ့ရှိသည်

Wasp

Wasp (နကျယ်ကောင်)

  • နကျယ်ကောင် အများစုသည် ၁.၂ စင်တီမီတာနှင့် ၂.၅ စင်တီမီတာ အရှည်ရှိပြီး ရှည်လျားသော ခန္ဓာကိုယ်နှင့် သွယ်လျှသောခါး ပါရှိသည်။ ၎င်းခါးပိုင်းသည် ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ထင်ရှားစွာ ခွဲခြားထားသည်။ နကျယ်ကောင်များ၏ ခန္ဓာကိုယ်ပေါ်တွင် အဝါ၊ အနက်၊ အဖြူ၊ အနီ၊ နီညိုရောက် အကွက်အစင်းများနှင့် ခန္ဓာကိုယ်ကို ပတ်ထားသော အစင်းပတ်များပါရှိသည်။ နကျယ်ကောင်များသည် မျိုးစိတ်ပေါ်မူတည်၍ အရောင်အမျိုးမျိုး ကွဲပြားနိုင်သည်။
  • နကျယ်ကောင်များကို ပန်းခြံ၊ ဥယျာဉ်၊ အိမ်ပတ်ဝန်းကျင်ရှိ သစ်ပင်နှင့် အဆောက်အဦများတွင် အသိုက်ဖွဲ့နေနိုင်ပြီး အသိုက်တွင်ရှိသော အကောင်အရေအတွက်များလာသောအခါတွင် အသိုက်အနီးသို့ ကပ်လာသည်နှင့် ရန်မူတတ်ခြင်း၊ တုတ်ခြင်းတို့ပြုလုပ်ပြီး လူနှင့် အခြားသော တိရိစ္ဆာန်များကို အန္တရာယ်ပေးလေ့ရှိသည်။
  • နကျယ်ကောင်တုတ်ခံရပါက မျိုးစိတ်ပေါ်မူတည်ပြီး အဆိပ်သင့်မှု အခြေအနေအမျိုးမျိုးရှိနိုင်သည်။ အတုတ်ခံရပါက အဖုအပိန့်များဖြစ်ပေါ်ပြီး မျက်ခွံ၊ မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်းများယောင်လာမည်။ အသက်ရှုရခက်ပြီး အသက်ရှုလျှင် အသံမြည်လာမည်။ ခေါင်းအုံခေါင်းမူးပြီး သွေးပေါင်ကျလာမည်။ တစ်ကိုယ်လုံးယောင်ရမ်းရာမှ လေပြွန်ဝပါယောင်ရမ်းပိတ်ဆို့ပြီး အသက်မရှုနိုင်ဖြစ်၍ သွေးပေါင်ကျကာ အသက်ဆုံးရှုံးနိုင်ပါသည်။
  • လူအများစုသည် ပျားနှင့် နကျယ်၊ ပဒူများကို ကွဲပြားစွာ မသိပဲ ဖယ်ရှားခြင်းကြောင့် အတုတ်ခံရခြင်း ဖြစ်သည်။
  • လူအများစုမှားနိုင်သော အမျိုးအစားအချို့အား ဖော်ပြပေးလိုက်ပါသည်။

(၁) နကျယ်ကောင် (Wasps)

(၂) ပဒူကောင် (Hornet)

(၃) ပျား (Honeybee)

(၄) ပိတုန်း (Bumblebee)