Mosquito, Fly, Bee, Wasp, etc.

Flying Insect Control

Flying Insect Control

Flying Insect အမျိုးအစားထဲတွင် ခြင်၊ ယင်၊ ပျား၊ နကျယ်ကောင်စသည့် အကောင်များ ပါဝင်ပါသည်။ အကောင်အမျိုးအစားပေါ်လိုက်၍

  • (Fogging) Method
  • (Misting) Method
  • Ultra Low Volume (ULV) Method
  • Residual Spray (Spray) Method
  • Baiting Method စသည့် နည်းလမ်းများကို ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများမှ လိုအပ်သလို ရွေးချယ်အသုံးပြုသွားမှာ ဖြစ်ပါသည်။

Mosquito Control

ခြင်ဆေးဖျန်းခြင်းဝန်ဆောင်မှုတွင် ပထမဦးစွာ အဆောက်အဦ၏အပြင်ဘက်နံရံများပတ်လည်တွင်(Fogging) Method, (Misting) Method ကို အသုံးပြု၍ နှိမ်နင်းခြင်း၊ အပြင်ပိုင်းရှိခြင်ပေါက်ဖွားနိုင်သော ရေမြောင်းများအတွင်းသို့ ပိုးလောက်လန်းဆေးများချ၍ ခြင်များ ဆက်လက်မပေါက်ဖွားစေရန်အတွက် ကာကွယ်နှိမ်နင်းပေးခြင်း၊ အဆောက်အဦ၏ အတွင်းပိုင်း၌ လက်ရှိ ဝင်ရောက်ဖောက်ဖွားထားသော ခြင်များအား ချက်ချင်းသေစေနိုင်သော Ultra Low Volume (ULV) Method ဖြင့် နှိမ်နင်းပေးခြင်း၊ အတွင်းပိုင်းရှိနံရံများတွင် ဆေးဖျန်းခြင်း Residual Spray (Spray) Method ဖြင့် ကာကွယ်နှိမ်နင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။

Bee Control

ပျားနှိမ်နင်းခြင်းလုပ်ငန်းတွင် ပျားအုံရှိသော သစ်ကိုင်း၊ နေရာများအား Residual Spray (Spray) Method ဖြင့် ဆေးဖျန်းပေးပြီးလျှင် ၎င်းဆေးဖျန်းထားသော ပျားအုံအား ဖြုတ်၍ ယူဆောင်သွားပေးပါသည်။

Fly Control

ယင်ဆေးဖျန်းခြင်းဝန်ဆောင်မှုတွင် အဆောက်အဦ၏ အပြင်ဘက်ပတ်လည်တွင် (Misting) Method or Residual Spray Method ဖြင့် ကာကွယ်နှိမ်နင်းပေးခြင်း၊ အဆောက်အဦ၏ အပြင်ဘက်ရှိ ယင်ကောင်များရှိသော နေရာများတွင် အစာကျွေးခြင်း Baiting Method ဖြင့် နှိမ်နင်းပေးပါသည်။ အတွင်းပိုင်းနေရာများအား Ultra Low Volume (ULV) Method၊ Residual Spray (Spray) Method တို့ဖြင့် ကာကွယ်နှိမ်နင်းခြင်းတို့ကို ပြုလုပ်ပေးပါသည်။