Ant, Cockroach, Mite, Bed Bug, etc.

Crawling Insect Control

Crawling Insect Control

ပုရွက်ဆိတ်၊ ကြမ်းပိုး၊ ပိုးဟပ်နှင့် မွှားတို့သည် Crawling Insect အမျိုးအစားထဲတွင် ပါဝင်ပါသည်။ Crawling Insect တို့ကို နှိမ်နင်းရာတွင်

  • Residual Spray (Spray) Method နှင့်
  • Baiting Method စသည့် နည်းလမ်းများကို အကောင်အမျိုးအစားအလိုက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများမှ လိုအပ်သလို ရွေးချယ်အသုံးပြုသွားမှာ ဖြစ်ပါသည်။

Ant Control

ပုရွက်ဆိတ်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းတွင် အဆောက်အဦ၏ အပြင်ဘက်ရှိ ပုရွက်ဆိတ်များ ခိုအောင်းနိုင်သော အက်ကွဲကြောင်းများနှင့် နံရံပတ်လည်များအား Residual Spray (Spray) Method ဖြင့် လုပ်ဆောင်ပေးခြင်း၊ အတွင်းပိုင်းရှိနေရာများအားလည်း Residual Spray (Spray) Method ဖြင့် ဆေးဖျန်းပေးခြင်း၊ ဆေးဖျန်း၍ မရသောနေရာများနှင့် ဆေးမရောက်နိုင်သော နေရာများအား အစာကျွေးခြင်း Baiting Method ဖြင့် ကာကွယ်နှိမ်နင်းပေးပါသည်။

Bed Bug Control

ကြမ်းပိုးနှိမ်နင်းခြင်းလုပ်ငန်းတွင် အိမ်အတွင်းရှိ ကြမ်းပိုးများ ခိုအောင်းနေသော နံရံထောင့်များ၊ အက်ကြောင်းများ၊ ထိုင်ခုံများ၊ စားပွဲများ၊ အဝတ်ဗီရိုများ၊ ကုတင်များ၊ ကြမ်းခင်းများနှင့် လက်ရှိအသုံးပြုနေသော စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်များ၊ လိုက်ကာများအား Residual Spray (Spray) Method ဖြင့် နှိမ်နင်းပေးပါသည်။

Cockroach Control

ပိုးဟပ်နှိမ်နင်းခြင်းလုပ်ငန်းတွင် အဆောက်အဦ၏ အပြင်ဘက်ရှိ ပိုးဟပ်များလာနိုင်သော ရေမြောင်းများအား Residual Spray (Spray) Method ဖြင့် ကာကွယ်နှိမ်နင်းပေးခြင်း၊ အတွင်းပိုင်းနေရာများတွင်လည်း Residual Spray (Spray) Method ဖြင့်ကာကွယ်နှိမ်နင်းပေးခြင်း၊ ဆေးဖျန်း၍မရသော မီးပလပ်များကြားနှင့် ဆေးမရောက်နိုင်သော နေရာများ၊ဆေးရောက်ရန်မလွယ်ကူသော နေရာများအား အစာကျွေးခြင်း Baiting Method ဖြင့် နှိမ်နင်းပေးပါသည်။

Mite Control

မွှားနှိမ်နင်းခြင်းလုပ်ငန်းတွင်အိမ်၏ အတွင်းအပြင်နေရာများအား Residual Spray (Spray) Method ဖြင့် နှိမ်နင်းပေးပါသည်။

On-site Crawling Insect Control Services Photos