Let's find out about PEST & INSECTS

Knowledge Articles

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၂)

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁) မှ အဆက်

(၆) ခြတွေဟာ မြင်သာပြီး ရှိမရှိ ရှာရတာ လွယ်ပါတယ်။

ခြတွေဟာ ခြေရာလက်ရာမပေါ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်တတ်သူတွေဖြစ်ပါတယ်။ ခြတွေရှိကြောင်း သဲလွန်စတွေ စတွေ့ပြီဆိုရင် အနေအထားတစ်ခုအထိ ဖျက်ဆီးခံထားရပြီဆိုတာ သေချာပါတယ်။ စောစောကြိုသိနိုင်ဖို့ သံသယရှိရင်ဖြစ်စေ၊ ပုံမှန်စစ်ဆေးမှုတစ်ရပ်အနေနဲ့ဖြစ်စေ စစ်ဆေးသင့်ပါတယ်။

(၇) ခြတွေက သစ်သားတွေကိုပဲ စားတာပါ။

သစ်သားက ပင်မအစာဖြစ်ပေမဲ့ စက္ကူ၊ ကတ်ထူနဲ့ တချို့သော ပလတ်စတစ်တွေကိုတောင် ရရာစားတတ်ကြပါတယ်။ ဘာလာလာဝါးတဲ့ကောင်တွေပါ။

(၈) ခြအုံတစ်ခုမှာ အသိုက်တစ်ခုပဲရှိတယ်။

ခြအုံတစ်ခုမှာ အသိုက်ခွဲတွေ အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် အသိုက်တစ်ခု ရှင်းလိုက်ရုံနဲ့ ခြပြဿနာ ပြီးမသွားပါဘူး။ ဘက်ပေါင်းစုံစီမံခန့်ခွဲမှု (Integrated Pest Management, IPM) နဲ့မှ ထိရောက်စွာ ရှင်းလင်းအောင်မြင်မှာ ဖြစ်ပါတယ်။

(၉) ပုရွက်ဆိတ်နဲ့ ခြတွေကို အတူတူပဲ ထင်တတ်ပါတယ်။

ခြနဲ့ ပုရွက်ဆိတ်ဟာ ဘာမှမတူတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ တခါတလေမှာ ခြတွေကို ပုရွက်ဆိတ်လို့ ထင်ပြီး လုပ်သင့်တာလုပ်ကြဖို့ နှောင့်နှေးတတ်ကြလို့ သေချာခွဲခြားကြည့်သင့်ပါတယ်။ ဒီနေ့ခေတ်မှာတော့ တိရစ္ဆာန်ကျွမ်းကျင်သူတွေရှိတဲ့ လူမှုကွန်ရက် group တွေ၊ တခြား သိဉာဏ်တုနည်းပညာအကူအညီတွေ ရယူနိုင်ကြပါတယ်။ အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ Pest Control ပညာရှင်များကို ခေါ်ယူစစ်ဆေးစေတာပဲ ဖြစ်ပါတယ်။

(၁၀) တစ်ကြိမ်နှိမ်နင်းလိုက်ရင် ခြတွေ လုံးဝပြန်မလာတော့ဘူး။

ပရော်ဖက်ရှင်နယ် ခြနှိမ်နင်းမှု (termite infestation) တွေဟာ အစွမ်းထက်ပြီး အပြည့်အဝ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ ရာသက်ပန် ပြန်မပေါ်လာနိုင်ဘူးလို့တော့ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။

ဒါကြောင့် လိုက်နာဆင်ခြင်မှုတွေ၊ ကာကွယ်ဆေးထိုးနှံမှုတွေ စနစ်တကျ လုပ်ထားမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ကာလတွေအထိတော့ ခြအန္တရာယ်ကင်းဝေးနေမှာ ဖြစ်ပါတယ်။ အဲဒီကာလတွေ ကျော်လွန်သွားရင်တော့ ပုံမှန်စစ်ဆေးမှုတွေ လုပ်ပေးသွားသင့်ပါတယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

Bed Bug Bites

ကြမ်းပိုး Bed Bug တွေ ဟာ စမတ်ကျတဲ့ ထုံဆေးပါရဂူတွေလား ?

ကြမ်းပိုး Bed Bug ကိုက်ခံနေရတုန်း မသိဘဲ ပြီးမှ ဓာတ်မတည့်တဲ့ အပိန့်တွေ လှိမ့်ထတာ။

Termites are number one

ခြ – Termites တွေဟာ ညမှာရောပါ သစ်သားတွေကို ဖျက်ဆီးတတ်လား ?

ဇွဲအရှိဆုံး၊ အလုပ်အကြိုးစားဆုံး၊ ညဆိုင်းဆင်းသူများဟာ ခြ – Termites တွေ ဖြစ်ပါတယ်။

အထူးမှန်ကန်မြန်ဆန်တိကျတဲ့ ခြ (Termite) ရှာဖွေရေးကိရိယာ Termatrac T3i

ဩစတြေးလျနိုင်ငံ အခြေစိုက် ကမ္ဘာကျော်ခြ termite နှိမ်နင်းရေးကုမ္ပဏီ Termatrac က ထုတ်လုပ်တာဖြစ်ပြီး တန်ဖိုးရော နှစ်စဉ်ကြေးတွေရော မြင့်မားလှတဲ့ အကောင်းဆုံး ခြရှာဖွေရေး စက်တစ်ခုပါ။

ရေနံချေး (oil dregs) သုတ်တာနဲ့ ခြ termite တွေကို နိုင်ပြီလား ?

ခြ (termite) တွေ ပြေးမလားလို့ သုတ်မိတာ ရေနံချေးကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်က ခြနဲ့ ရေနံချေး ဘာမှ မဆိုင်ပါဘူး။

German Cockroach

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာ (၄) ခု

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာက လူတွေနဲ့ နီးနီးစပ်စပ် ရှင်သန်ချင်ကြတာပါ။ အစာရေစာပေါတဲ့ မီးဖိုချောင်၊ စားသောက်ဆိုင်နဲ့ ဂိုဒေါင်လိုနေရာတွေမှာ ကျက်စားပေါက်ပွားပါတယ်။