Let's find out about PEST & INSECTS

Knowledge Articles

ကြွက် Rodent တွေ သယ်လာတတ်တဲ့ရောဂါတွေအကြောင်း


ဘာမှ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ အိမ်ကလူတွေ ခဏ၊ ခဏ နာဖျားနေရင် ကျွန်တော်တို့ မြန်မာတချို့ ပြေးစဉ်းစားတတ်တဲ့ အချက်က စုန်းတိုက်၊ ကဝေတိုက်တွေပါပဲ။ အဲဒါတွေထက် လက်တွေ့ကျတာက ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေ ရှိနေမလား စစ်ဆေးကြည့်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ PEST လို့ ခေါ်တဲ့ ခြ (Termite) ၊ ခြင် (Mosquito) ၊ ယင် (Fly) ၊ ပိုးဟပ် (Cockroach) ၊ ကြမ်းပိုး (Bed bug) ၊ ကြွက် (Rodent) စတဲ့သတ္တဝါတွေရှိနေမလား စစ်ဆေးကြည့်ဖို့ လိုပါတယ်။

ကြွက် Rodent တွေ နေအိမ်မှာ ရှိလာပြီဆိုရင် စိတ်ညစ်စရာကောင်းတာ လူတိုင်းသိကြပါတယ်။ ဟိုကိုက် ဒီကိုက် ဖျက်ဆီးခံရတာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ စသဖြင့်ပေါ့။ ဒါပေမဲ့ ကြွက်တွေက ပေးတဲ့ တကယ့်အန္တရာယ်တွေကတော့ စားမယ့် ဟင်းတုံးချီသွားခံရတာ၊ တန်ဖိုးကြီးအဝတ်အထည် ကိုက်ဖောက်ခံရတာတွေထက် ဆိုးပါတယ်။

တကယ်တိုက်တဲ့ စုန်းတွေပါ။

ကြွက်တွေ သယ်လာတတ်တဲ့ ရောဂါတွေကတော့ အောက်ပါရောဂါတွေပါပဲ။

(၁) HPS လို့ခေါ်တဲ့ Hantavirus Pulmonary Syndrome ရောဂါစုဟာ ကြွက်တွေရဲ့ ဆီးတွေ တံတွေးတွေမှာ ပါလာတတ်ပြီး အသက်ရှူလမ်းကြောင်းကနေ ကူးစက်ဝင်ရောက်ပါတယ်။ ဖျားနာရင်း ကိုယ်တွေလက်တွေ နာရာကနေ သေချာမကုသရင် အသက်ရှူရပ်နိုင်တဲ့အထိ ပြဿနာရှိပါတယ်။ လူကြီးတွေပဲ ကူးစက်ခံရတာများပြီး ကလေးတွေမှာ ဖြစ်ခဲပေမဲ့ ကလေးတွေဖြစ်ပြီဆိုရင် ရောဂါရှာရခက်တတ်လို့ ပေါ့လို့မရတဲ့ ရောဂါပါ။

(၂) ဆယ်မိုနဲလားပိုးတွေ ကြွက်ရဲ့ မစင်တွေကနေ လူတွေရဲ့ အစားအစာထဲကို ပျံ့နှံ့လာတတ်ပါတယ်။ ဒါက အစာအဆိပ်သင့်တဲ့ ဘက်တီးရီးယားမို့ လက္ခဏာတွေက ပုံမှန်ဝမ်းပျက်ဝမ်းကိုက်နဲ့ တူပါတယ်။ ဝမ်းလျှောမယ်၊ ဗိုက်နာမယ်၊ ပျို့အန်မယ်၊ ဖျားမယ်ပေါ့နော်။ ရင်သွေးငယ်တွေဖြစ်ရင် ပိုပြင်းထန်တတ်ပါတယ်။

(၃) ကြွက်တွေရဲ့ ဆီးထဲမှာ နောက်ထပ်ပြဿနာတစ်ခု ပါလာတတ်သေးတယ်။ လက်ပတိုစပိုင်ရာ ဘက်တီးရီးယားတွေပါ။ ထိတွေ့မိရင် ဒီပိုးတွေက တုပ်ကွေးအပြင်းစားလို အနာအဖျားတွေ ပေးနိုင်ပါတယ်။ လက်ပတိုစပိုင်ရာက သာမန်တုပ်ကွေးနဲ့ ဆင်တူပေမဲ့ ပိုပြင်းထန်ပြီး သေချာမကုသရင် ကျောက်ကပ်နဲ့အသည်း ထိခိုက်သွားနိုင်ပါတယ်။

(၄) LCM လို့ခေါ်တဲ့ ဦးနှောက်နဲ့ အာရုံကြောရောင်ရမ်းမှုကူးစက်ရောဂါတစ်ခုကိုလည်း ကြွက်တွေဟာ သယ်ဆောင်လာတတ်ပါတယ်။ သူလည်း နာဖျား၊ ပျို့အန်ပြီး အာရုံကြောဆိုင်ရာ နောက်ဆက်တွဲဒဏ်တွေ ခံစားရစေပါတယ်။ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများဆိုလျှင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကူးစက်ခံရရင် ရင်သွေးမှာ ချို့ယွင်းချက်တွေ ပါလာတတ်လို့ ကြောက်စရာရောဂါပါ။

(၅) ကြွက်ကိုက်မိ၊ လက်သည်းနဲ့ ခြစ်မိလို့ရှိရင်လည်း တခါတလေ Rat-Bite Fever ရတတ်ပါတယ်။ ကိုယ်လက်တွေနာပြီး အဖျားတက်ကာ သေချာမကုရင် နှလုံးနဲ့ အဆစ်အမြစ်တွေ ထိခိုက်နိုင်ပါတယ်။

ပြီးတော့ အိမ်တစ်အိမ်ဟာ ခဏခဏ ဝါယာရှော့ဖြစ်ရင်၊ ခဏခဏ လျှပ်စစ်ပစ္စည်းတွေ ပျက်နေရင် ကြွက်ရှိနေတာလား ? ခြရှိနေတာလား ? စဉ်းစားသင့်ပါတယ်။ ဒီသတ္တဝါတွေကြောင့် လျှပ်စစ်သွယ်တန်းမှုတွေ ယိုယွင်းကုန်ပြီး ရှော့ရနိုင်လို့ပါ။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

အစားအသောက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ ပုံမှန်လုပ်သင့်တဲ့ Pest Control အလုပ် (၁၄) ခု

စားသောက်ဆိုင်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ စတိုးဆိုင်တွေ ပုံမှန်လုပ်သင့်တဲ့ Pest Control လုပ်ငန်းစဉ်တွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

Rat & Water Flood

ကြွက် – Rat တွေက ရေကူးကျွမ်းကျင်သူတွေဖြစ်တယ်

ကြွက် – Rat တွေဟာ ရေထဲမှာ သုံးရက်လောက်အထိ ကိုယ်ဖော့ပြီး အသက်ရှင်နေနိုင်ကြပါတယ်

Rodent

ကြွက် Rodent တွေ သယ်လာတတ်တဲ့ရောဂါတွေအကြောင်း

ကြွက် Rodent တွေ နေအိမ်မှာ ရှိလာပြီဆိုရင် စိတ်ညစ်စရာကောင်းတာ လူတိုင်းသိကြပါတယ်။ ဟိုကိုက် ဒီကိုက် ဖျက်ဆီးခံရတာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ စသဖြင့်ပေါ့။

German Cockroach

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာ (၄) ခု

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာက လူတွေနဲ့ နီးနီးစပ်စပ် ရှင်သန်ချင်ကြတာပါ။ အစာရေစာပေါတဲ့ မီးဖိုချောင်၊ စားသောက်ဆိုင်နဲ့ ဂိုဒေါင်လိုနေရာတွေမှာ ကျက်စားပေါက်ပွားပါတယ်။

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။