Let's find out about PEST & INSECTS

Knowledge Articles

အထူးမှန်ကန်မြန်ဆန်တိကျတဲ့ ခြ (Termite) ရှာဖွေရေးကိရိယာ Termatrac T3i


Termatrac T3i ဆိုတာ ဘာလဲ ?


Termatrac T3i ဆိုတာ ခြ (Termite) ရှိ၊ မရှိ တိုင်းတာစစ်ဆေးတဲ့ ရေဒါစက်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့နံပါတ် (၁) ပါ။ ဩစတြေးလျနိုင်ငံ အခြေစိုက် ကမ္ဘာကျော်ခြနှိမ်နင်းရေးကုမ္ပဏီ Termatrac က ထုတ်လုပ်တာဖြစ်ပြီး တန်ဖိုးရော နှစ်စဉ်ကြေးတွေရော မြင့်မားလှတဲ့ အကောင်းဆုံး ခြရှာဖွေရေး စက်တစ်ခုပါ။

လက်တစ်ကိုင်လောက်သာရှိပေမဲ့ အဆင့်မြင့်ဆုံး အာရုံခံနိုင်စွမ်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် Termatrac T3i
ဟာ ခြရှာဖွေရာမှာ “နတ်မျက်စိ” လို့ တင်စားရလောက်အောင် တိကျတဲ့ စက်ဖြစ်ပါတယ်။

ခြရှာဖွေစစ်ဆေးရာမှာ Termatrac T3i သုံးမယ်ဆိုရင် –

ရေဒါနည်းပညာသုံးထားလို့ အဆောက်အဦးရဲ့ အစိတ်အပိုင်းတွေကို ဖောက်ထွင်းဖျက်ဆီးစစ်ဆေးစရာ မလိုဘဲ ခြတွေကို ထောက်လှမ်းနိုင်ပါတယ်။

✅နေရာ အတိုင်းအတာ အကွာအဝေး အတိအကျ ထောက်လှမ်းပေးနိုင်ပါတယ်။

✅ ကိရိယာတစ်ခုတည်းမှာ ရေဒါ၊ အပူချိန်နဲ့ စိုထိုင်းဆ သုံးခုစလုံးကို ထောက်လှမ်းနိုင်တဲ့ sensor တွေပါလို့ ခြကို မှားယွင်းပြီး လွတ်ထွက်သွားတာမျိုး လုံးဝမရှိစေပါဘူး။

✅ အဆောက်အဦးပိုင်ရှင်နဲ့ pest control အဖွဲ့ (တခါတလေမှာ စောင့်နေမယ့် third party) တို့အတွက် အချိန်ကုန် အာရုံစား သက်သာစေပါတယ်။

Report ထုတ်ပေးရာမှာ ခြတွေရဲ့ အနေအထားနဲ့ နှိမ်နင်းရေးလမ်းစဉ်တွေကို အထောက်အကူပြုတဲ့ အချက်အလက်များစွာ သေချာထုတ်ပေးနိုင်လို့ အထူးအကျိုးများစေပါတယ်။

✅ စက်က အဆင့်မြင့်ပေမဲ့ သုံးရတာ တအားမခက်လို့ ကျွမ်းကျင်ဝန်ထမ်းတွေအတွက် အမှားမရှိသလောက် နည်းစေပါတယ်။

✅ တိကျတဲ့ အချက်အလက်တွေကြောင့် နှိမ်နင်းရေးဆေးတွေ သုံးတဲ့အခါ အပိုအလိုမရှိ ထိ​ရောက်စွာ သုံးနိုင်စေပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။

✅ အဆောက်အဦပုံစံ၊ အမျိုးအစားနဲ့ နေရာဌာန၊ ရာသီဥတုမရွေး သုံးစွဲနိုင်လို့ အဆင်ပြေချောမွေ့ပါတယ်။

✅ ဒီစက်ကို

  • Thermal Imaging Camera
  • Electronic Stethoscope တို့လို ခေတ်မီကိရိယာတွေနဲ့
  • Green Pest Management ရဲ့ ဝါရင့်ဝန်ထမ်းများ ပေါင်းစပ်လိုက်တဲ့အခါ
  • အတိကျဆုံး စစ်ဆေးမှုများနဲ့ အထိရောက်ဆုံး နှိမ်နင်းမှုများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ခြ (termite) ရှိ၊ မရှိ စစ်ဆေးထောက်လှမ်းရှာဖွေရာမှာ ခေတ်မီကိရိယာတွေရဲ့ အထောက်အပံ့မပါရင် စမ်းတဝါးဝါးဖြစ်ပြီး အဖြေတွေက မှားနိုင်ပါတယ်။ မှားရင် ဆုံးရှုံးနစ်နာမှုတွေ အများကြီး ရှိနိုင်ပါတယ်။

ဒါ့အပြင် ဖောက်ထွင်းရ၊ ဖြုတ်ကြည့်ရ၊ ပြန်တပ်ဆင်ရတွေ လုပ်ရလို့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် Termatrac T3i လိုမျိုး ခေတ်မီကိရိယာမျိုး ပါမှ အချိန်တိုအတွင်း မှန်ကန်တိကျစွာနဲ့ ဆုံးရှုံးမှုမရှိဘဲ အဖြေထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

ခြရှိနေပြီဖြစ်ကြောင်း သိနိုင်သောအချက်များ (Signs of Termites)

ခြတွေ ကျူးကျော်နေတဲ့ သဲလွန်စ (၁၀) ခု (Signs of Termites) ဒါတွေ ရှိနေပြီဆိုရင် ဆုံးရှုံးမှုမကြီးမားခင်၊ ပြုပြင်စရိတ် မထောင်းခင် ကြိုတင်ကာကွယ်ပါ။

Termites like Rock Music

ခြတွေဟာ ရော့ခ်ဂီတ Rock Music ကို နှစ်သက်တတ်ပါသလား ?

ခြတွေဟာ ရော့ခ်ဂီတသံ (rock music) တွေ ကြားရရင် အလုပ်တွေ ပိုကြိုးစားပြီး …

ပြဿနာကို မီးမထွန်းဘဲရှာတာ ခြတွေ (termite) ပါ

ကြမ်းပြင်၊ နံရံ၊ မျက်နှာကြက်တွေ အပါအဝင် သစ်သားနဲ့လုပ်ထားတဲ့ပရိဘောဂတွေ ပျက်စီးမယ်။ ခြ (termite) တွေက သစ်ကြိုက်တယ်လေ။

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။

Bed Bug Bites

ကြမ်းပိုး Bed Bug တွေ ဟာ စမတ်ကျတဲ့ ထုံဆေးပါရဂူတွေလား ?

ကြမ်းပိုး Bed Bug ကိုက်ခံနေရတုန်း မသိဘဲ ပြီးမှ ဓာတ်မတည့်တဲ့ အပိန့်တွေ လှိမ့်ထတာ။