Let's find out about PEST & INSECTS

Knowledge Articles

ရေနံချေး (oil dregs) သုတ်တာနဲ့ ခြ termite တွေကို နိုင်ပြီလား ?

ခြ termite တွေ ပြေးမလားလို့ သုတ်မိတာ ရေနံချေးကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်က ခြ (termite) နဲ့ ရေနံချေး (oil dregs) ဘာမှ မဆိုင်ပါဘူးခင်ဗျာ။ ဘယ်လိုပစ္စည်းသားကိုမဆို ဖောက်ထွက်နိုင်တဲ့ခြအတွက် ရေနံချေးက တကယ်ထိထိရောက်ရောက် မဟန့်တားနိုင်ပါဘူး။

ခြင်ဆေးခွေအနံ့ကို ခံနိုင်ရည်ရှိလာတဲ့ ခြင်တွေလိုပဲ၊ အချိန်ကြာလာတာနဲ့အမျှ ရေနံချေးကို ခံနိုင်ရည်ရှိလာတဲ့ ခြတွေ ဖြစ်လာတာမို့ ရေနံချေးသုတ်လည်း မထူးပါဘူး။ ပြီးတော့ ရေနံချေးမထိတဲ့နေရာအထိလည်း ရှောင်ကွင်းပြီး ကွက်စားသွားနိုင်ကြပါတယ်။ သစ်သားဆို မျက်နှာပြင်ကနေ မမြင်ရအောင် အတွင်းလှိုက်စားတတ်တဲ့ ခြတွေအတွက် အပေါ်ယံက ရေနံချေးက တကယ်မတားနိုင်ပါဘူး။

Termite and oil dregs

အဆိုးဆုံးကတော့ ရေနံချေးရဲ့ အနံ့နဲ့ ပါဝင်ပစ္စည်းတွေက လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးမပေးတာမို့ ခြတွေမျိုးမသုဉ်းခင် မိမိတို့ ကျန်းမာရေးက အရင်ထိခိုက်သွားနိုင်ပါတယ်။ အဆောက်အဦးမျက်နှာပြင်တွေပေါ် ရေနံချေးကို တိုက်ရိုက်သုတ်ရင် ပျက်စီးယိုယွင်းမှု ဖြစ်လွယ်စေပါတယ်။ ခြစားလို့ မပြိုပျက်ခင် ရေနံချေးသုတ်တာက အရင် တရားခံဖြစ်လာတတ်ပါတယ်။

“ခြမတက်အောင် ရေနံချေးသုတ်ပါ” လို့ ပိုးမွှားနှိမ်နှင်းရေး လုပ်ငန်းတွေက အကြံမပြုသလို ရေနံချေးက ခြ termite ကို နိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် ပိုက်ဆံအကုန်ခံ၊ ဘေးဥပါဒ်ဖြစ်ခံပြီး ရေနံချေး (oil dregs) သုတ်မယ့်အစား ခြ termite ပြဿနာဖြေရှင်းဖို့ ကျွန်တော်တို့နဲ့ လာရောက်ဆွေးနွေးလိုက်ပါ။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

Chaung Tha Trip in 2026

အစားအသောက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ ပုံမှန်လုပ်သင့်တဲ့ Pest Control အလုပ် (၁၄) ခု

စားသောက်ဆိုင်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ စတိုးဆိုင်တွေ ပုံမှန်လုပ်သင့်တဲ့ Pest Control လုပ်ငန်းစဉ်တွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။

Bed Bug Bites

ကြမ်းပိုး Bed Bug တွေ ဟာ စမတ်ကျတဲ့ ထုံဆေးပါရဂူတွေလား ?

ကြမ်းပိုး Bed Bug ကိုက်ခံနေရတုန်း မသိဘဲ ပြီးမှ ဓာတ်မတည့်တဲ့ အပိန့်တွေ လှိမ့်ထတာ။

Termites like Rock Music

ခြတွေဟာ ရော့ခ်ဂီတ Rock Music ကို နှစ်သက်တတ်ပါသလား ?

ခြတွေဟာ ရော့ခ်ဂီတသံ (rock music) တွေ ကြားရရင် အလုပ်တွေ ပိုကြိုးစားပြီး …