Let's find out about PEST & INSECTS

Knowledge Articles

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ – Termite တွေ ပတ်သက်ပြီး မှားယွင်းနေတဲ့ အယူအဆများကြောင့် ခြများကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘဲ ပျက်စီးဆုံးရှုံးမှုတွေ များနိုင်ပါတယ်။ အခုဖော်ပြမယ့် အချက်အလက်တွေကို သိရှိထားရင် အထိုက်အလျောက် ပျက်စီးမှု၊ ဆုံးရှုံးမှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) ခြတွေက အိမ်အိုအိမ်ဟောင်းတွေ အဆောက်အဦးဟောင်းတွေမှာပဲ တက်ကြတာဖြစ်တယ်။

ခြတွေက အဆောက်အဦးဆိုရင် အဟောင်းအသစ်မရွေး စားသောက်တတ်ကြပါတယ်။ အိမ်အသစ်စက်စက် ဖြစ်နေစေဦးတော့ ခြမရှိလာနိုင်ဘူးလို့ အာမခံလို့မရပါဘူး။ ဒါကြောင့် ဘယ်အဆောက်အဦးမဆို ခြကာကွယ်ရေးသတိ အမြဲရှိနေရပါမယ်။

(၂) ပုံမှန်ထားကြတဲ့ အဆောက်အဦးအာမခံတွေဟာ ခြစားမှုအတွက် ကာကွယ်ပေးပါတယ်။

ပုံမှန်အဆောက်အဦးအာမခံတွေဟာ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရင်တောင် ခြွင်းချက်တွေ ရှိပါတယ်။ ခြစားမှုဖြစ်ခဲ့ရင် အကာအကွယ် ရင်းစားမပေးပါ ဆိုတဲ့အချက်လေး သိထားသင့်ပါတယ်။ (ခြစားမှုပါ အကျုံးဝင်တဲ့ အာမခံတွေဆိုရင်တော့ တမျိုးပေါ့ခင်ဗျာ)

(၃) ခြတွေကို အပူပိုင်းဒေသတွေမှာပဲ တွေ့ရတာဖြစ်တယ်။

ခြတွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။

Wrong facts about termite

(၄) ခြရှိနေရင်လည်း မိရိုးဖလာ ဆေးမြီးတိုတွေနဲ့ ဖယ်ရှားနိုင်ပါတယ်။

စနစ်တကျ pest management မလုပ်ရင် ခြကို ပပျောက်အောင် မစွမ်းနိုင်ပါဘူး။ ရေနံချေးသုတ်ရုံမကလို့ ခြတောင်ပို့ကို ရေနံဆီလောင်းပြီး မီးလောင်တိုက်သွင်းတောင် မပြုတ်ပါ။ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ၊ စိတ်ပင်ပန်းမှုတွေပဲ တာရှည်မှာဖြစ်ပါတယ်။

(၅) ကွန်ကရစ်တွေ၊ သတ္တုအဆောက်အဦးတွေကို ခြမစားနိုင်ဘူး။

ဟုတ်သလိုလိုရှိပေမဲ့ မမှန်ပါ။ ကွန်ကရစ်တွေ၊ သံကိုယ်ထည်တွေကို ခြမစားနိုင်ပေမဲ့ ၎င်းတို့ကြားထဲမှာ ရှိနေမယ့် သစ်သားတွေမှန်သမျှကို ကွက်စားနိုင်ကြတာ ခဏခဏကြုံနေရလို့ ပိုင်ရှင်များ မဆုံးရှုံးရအောင် တင်ပြလိုက်ရပါတယ်ခင်ဗျာ။

>> အပိုင်း (၂) ဆက်ရန်

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

Rats' Birth Rate

ကြွက်မ (female rat) တစ်ကောင်ရဲ့ သားပေါက်နှုန်းကို သိပါသလား ?

ကြွက်မ (female rat) တစ်ကောင်ဟာ ပျှမ်းမျှအားဖြင့် ရက်သတ္တပတ် (၃) ပတ်တိုင်းမှာ ကြွက်ကလေး (၆)ကောင်မွေး ထုတ်နိုင်ပါတယ်

ပြဿနာကို မီးမထွန်းဘဲရှာတာ ခြတွေ (termite) ပါ

ကြမ်းပြင်၊ နံရံ၊ မျက်နှာကြက်တွေ အပါအဝင် သစ်သားနဲ့လုပ်ထားတဲ့ပရိဘောဂတွေ ပျက်စီးမယ်။ ခြ (termite) တွေက သစ်ကြိုက်တယ်လေ။

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၂)

ခြ (termite) နဲ့ ပုရွက်ဆိတ် (ant) ဟာ ဘာမှမတူတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။ တခါတလေမှာ ခြတွေကို ပုရွက်ဆိတ်လို့ ထင်ပြီး လုပ်သင့်တာလုပ်ကြဖို့ နှောင့်နှေးတတ်ကြလို့ သေချာခွဲခြားကြည့်သင့်ပါတယ်။

Rat & Water Flood

ကြွက် – Rat တွေက ရေကူးကျွမ်းကျင်သူတွေဖြစ်တယ်

ကြွက် – Rat တွေဟာ ရေထဲမှာ သုံးရက်လောက်အထိ ကိုယ်ဖော့ပြီး အသက်ရှင်နေနိုင်ကြပါတယ်

Bed Bug Bites

ကြမ်းပိုး Bed Bug တွေ ဟာ စမတ်ကျတဲ့ ထုံဆေးပါရဂူတွေလား ?

ကြမ်းပိုး Bed Bug ကိုက်ခံနေရတုန်း မသိဘဲ ပြီးမှ ဓာတ်မတည့်တဲ့ အပိန့်တွေ လှိမ့်ထတာ။