Let's find out about PEST & INSECTS

Knowledge Articles

အစားအသောက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ ပုံမှန်လုပ်သင့်တဲ့ Pest Control အလုပ် (၁၄) ခု

စားသောက်ဆိုင်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ စတိုးဆိုင်တွေ ပုံမှန်လုပ်သင့်တဲ့ pest control (၁၄)ခု လုပ်ငန်းစဉ်တွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

(၁) စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း

ဖျက်ဆီးတတ်တဲ့ pest အနွယ်ဝင် ကြွက်၊ ပိုးဟပ်၊ ယင်၊ ပုရွက်ဆိတ်၊ ခြနဲ့ တခါတရံ နေရာဒေသအလိုက် အခြားသတ္တဝါတွေအတွက်ကိုပါ စစ်ဆေးသင့်ပါတယ်။ ကျူးကျော်ဝင်ရောက်မှု ရှိနေလား၊ ခြေရာလက်ရာတွေ ရှိနေလား၊ သိုလှောင်ပစ္စည်းတွေကို ထိပါးမှုရှိနေပြီလား စသဖြင့် သေချာစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းတွေ ပြုလုပ်ရပါမယ်။ ထောင်ချောက်တွေ၊ အာရုံခံကိရိယာတွေ စနစ်တကျ တပ်ဆင်အသုံးပြုခြင်းအားဖြင့် ကြိုတင်သိရှိနိုင်ပါတယ်။

(၂) ကြွက်ဖယ်ရှားနှိမ်နင်းရေး

ဒီမှာက ကြွက်မရှိတဲ့ အရပ်ဒေသဆိုတာ မရှိသလောက်မလို့ အမြဲလုပ်ဆောင်သင့်ပါတယ်။ အစာချခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ဝင်ပေါက်တွေကို ရှာဖွေပိတ်ဆို့ခြင်း စတာတွေကို လုပ်ဆောင်ရပါမယ်။

(၃) အင်းဆက်ပိုးမွှား ဖယ်ရှားနှိမ်နင်းခြင်း

အဓိကကတော့ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ယင်ကောင်တို့ပါပဲ။ ပေါက်ပွားနိုင်မယ့်ရင်းမြစ်တွေကို ဖယ်ရှားခြင်း၊ လိုအပ်လာပါက တရားဝင်ခွင့်ပြုထားတဲ့ ဆေးတွေနဲ့ ဖျန်းပက်ဖယ်ရှားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Insect Growth Regulators (IGRs) တွေကို ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ပြီး စနစ်တကျ သုံးစွဲရင် အထူးထိရောက်ပါတယ်။

(၄) ကျေးငှက်ပြဿနာ ကာကွယ်ခြင်း

စားသောက်ကုန်လုပ်ငန်းတွေနဲ့ စားဖိုဆောင်တွေထဲကို ကျီးလို ကျေးငှက်တွေဝင်ရောက်မှုမှ ကာကွယ်ဖို့ လိုအပ်ပါတယ်။

(၅) အခြားသတ္တဝါများကို ကာကွယ်ခြင်း

တောင်တောင်နဲ့ နီးတဲ့ တချို့ဒေသတွေမှာ၊ သစ်ရိပ်ဝါးရိပ်ကောင်းတဲ့ ဆင်ခြေဖုံးဒေသတွေမှာ အနှောင့်အယှက်ပေးတတ်တဲ့ ရှဉ့်၊ တောကြောင် စတဲ့ သတ္တဝါတွေ ရှိတတ်သလို အိမ်မွေးကြောင်၊ ခွေး စတာတွေလည်း ရှိနိုင်ပါတယ်။ သူတို့တွေအတွက် လူသားဆန်တဲ့ ထောင်ချောက်တွေနဲ့ အရှင်ဖမ်းပြီး ဝေးရာမှာ စနစ်တကျ ပြန်လွှတ်ပေးတဲ့နည်းတွေနဲ့ မဝင်လာနိုင်အောင် ကြိုတင်ကာကွယ်တဲ့ နည်းတွေကို သုံးလို့ရပါတယ်။

(၆) ယင်ကောင်ကာကွယ်ရေး

အစားအသောက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေအတွက် ယင်ကောင်ဟာ အကြီးဆုံးရန်သူတွေထဲက တစ်မျိုးပါပဲ။ ထိရောက်တဲ့ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းအစုံ ရရှိနေပါပြီ။

(၇) ကြမ်းပိုးနှိမ်နင်းကာကွယ်ရေး

ဆိုင်တွေဟာ နေရာစုံက ပစ္စည်းတွေ စုဝေးရာမလို့ ကြမ်းပိုးတွေလည်း ပါလာတတ်ပါတယ်။ ကြမ်းပိုးဟာ တစ်ကောင်တွေ့ပြီဆိုတာနဲ့ အမြန်ပွားများတော့မှာမလို့ စနစ်တကျ ဖယ်ရှားရှင်းလင်းသင့်ပါတယ်။ ဈေးဝယ်သူက သူ့အတွက်ထားတဲ့ နေရာထိုင်ခင်းမှာ ကြမ်းပိုးတွေ့သွားမယ်ဆိုရင် ယုံကြည်မှု လျော့ကျစေမှာ ဖြစ်လို့ သတိထားသင့်ပါတယ်။

(၈) ထုတ်ကုန်တစ်ခုချင်းစီကို စစ်ဆေးခြင်း

အထူးသဖြင့် စိုထိုင်းဆရှိတဲ့ ထုတ်ကုန်တွေမှာ ကာလကြာရင်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ မှိုတွေ ရှိလာတတ်ပါတယ်။ မတော်တဆ ထိခိုက်မိသွားလို့ ပေါက်ပြဲသွားရင် ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆန်ပိုးလို ပိုးတွေ၊ တခြားအင်းဆက်တွေ ပါလာတာမျိုးရှိမရှိလည်း စစ်ဆေးသင့်ပါတယ်။

(၉) သန့်ရှင်းရေးဆိုင်ရာများ စစ်ဆေးခြင်း

မီးဖိုချောင်၊ ကုန်စိုကုန်ခြောက် အစားအစာသိုလှောင်ရာ နေရာများ၊ အမှိုက်သရိုက် စွန့်ပစ်ရာနေရာများ၊ ရေဆိုးထွက်လမ်းတွေ၊ ချက်ပြုတ်ပြီး ဆီစွန့်ပစ်ရာနေရာတွေ ရှင်းလင်းနေဖို့ လိုပါတယ်။

(၁၀) ပြင်ဆင်ထိန်းသိမ်းခြင်း

လိုအပ်တဲ့ တည်ဆောက်ရေးဆိုင်ရာ ပြင်ဆင်ထိန်းသိမ်းမှုတွေ စစ်ဆေးဆောင်ရွက်မှုကို ပုံမှန်လုပ်သင့်ပါတယ်။

(၁၁) အနံ့ထိန်းချုပ်ခြင်း

စားသောက်ကုန်တွေနဲ့ အမှိုက်တွေကနေ အနံ့တွေ ထွက်မလာအောင် သေချာသိုလှောင်တဲ့စနစ်၊ အချိန်မှန် စွန့်ပစ်တဲ့စနစ်တွေ ရှိရပါမယ်။ မဟုတ်ရင် အကောင်စုံ လာနိုင်ပါတယ်။

(၁၂) မီးခိုးမှိုင်းတိုက်ခြင်း

အဆောက်အအုံတစ်ခုလုံးကို မှိုင်းတိုက်ပေးတာဟာ pest အများစုကို ရှင်းလင်းပေးနိုင်လို့ pest control များနဲ့ တိုင်ပင်ပြီး လိုအပ်သလို လုပ်ဆောင်သင့်ပါတယ်။

(၁၃) Integrated Pest Management (IPM)

ထိရောက်ပြီး လူသားနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့၊ စနစ်တကျ ထောင့်စေ့အောင် စီစဉ်ထားတဲ့ pest ဖယ်ရှားကာကွယ်ရေး အစီအမံများကို IPM လို့ခေါ်ပါတယ်။ IPM ပြီးရင် ဝန်ထမ်းတွေအတွက် pest ကာကွယ်ရေး လေ့ကျင့်သင်ကြားမှုတွေ လုပ်ပေးသင့်ပါတယ်။

(၁၄) မှတ်တမ်းတင်ထားရှိခြင်း

လက်ရှိရင်ဆိုင်နေရတဲ့ pest ပြဿနာရဲ့အနေအထားနဲ့ သုံးခဲ့တဲ့ နည်းစနစ်တွေအကြောင်း၊ ကင်းရှင်းသွားခဲ့ရင်လည်း ကင်းရှင်းသွားကြောင်း မှတ်တမ်းတွေ ထားရှိသင့်ပါတယ်။

Green Pest Management အနေနဲ့ လုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ် Certificates များ ထုတ်ပေးပါတယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။

German Cockroach

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာ (၄) ခု

ဂျာမန်ပိုးဟပ် (German Cockroach) တွေရဲ့ ပြဿနာက လူတွေနဲ့ နီးနီးစပ်စပ် ရှင်သန်ချင်ကြတာပါ။ အစာရေစာပေါတဲ့ မီးဖိုချောင်၊ စားသောက်ဆိုင်နဲ့ ဂိုဒေါင်လိုနေရာတွေမှာ ကျက်စားပေါက်ပွားပါတယ်။

အစားအသောက်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ ပုံမှန်လုပ်သင့်တဲ့ Pest Control အလုပ် (၁၄) ခု

စားသောက်ဆိုင်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ စတိုးဆိုင်တွေ ပုံမှန်လုပ်သင့်တဲ့ Pest Control လုပ်ငန်းစဉ်တွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ရေနံချေး (oil dregs) သုတ်တာနဲ့ ခြ termite တွေကို နိုင်ပြီလား ?

ခြ (termite) တွေ ပြေးမလားလို့ သုတ်မိတာ ရေနံချေးကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်က ခြနဲ့ ရေနံချေး ဘာမှ မဆိုင်ပါဘူး။

Termites are number one

ခြ – Termites တွေဟာ ညမှာရောပါ သစ်သားတွေကို ဖျက်ဆီးတတ်လား ?

ဇွဲအရှိဆုံး၊ အလုပ်အကြိုးစားဆုံး၊ ညဆိုင်းဆင်းသူများဟာ ခြ – Termites တွေ ဖြစ်ပါတယ်။