Let's find out about PEST & INSECTS

Knowledge Articles

ပြဿနာကို မီးမထွန်းဘဲရှာတာ ခြတွေ (termite) ပါ

ခြ termite တက်ရင် စိတ်ညစ်စရာတွေချည်းပဲမလို့ ခြစားနေပြီ လို့ ပြောရင် လမ်းဆုံးနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။


ကြမ်းပြင်၊ နံရံ၊ မျက်နှာကြက်တွေ အပါအဝင် သစ်သားနဲ့လုပ်ထားတဲ့ပရိဘောဂတွေ ပျက်စီးမယ်။ ခြတွေက သစ်ကြိုက်တယ်လေ။ ခြတက်လို့ ဖယ်ထုတ်ရတာတွေက စရိတ်စက သိပ်ကုန်တယ်။ အိမ်ဆောက်တုန်းက အကောင်းစားကုန်ကြမ်းတွေ သုံးခဲ့တယ်ဆိုရင် ခြစားသွားတာ နှမြောစရာကောင်းတယ်။ တခါတလေ ခြတက်နေလို့ တက်နေမှန်းတောင် မသိရဘူး။ အတွင်းထဲက လှိုက်စားနေတာလေ။ အဲ့ဒါမျိုးဖြစ်လာရင် အချိန်နှောင်းမှ သိရတော့ အပျက်အစီးက များပြန်ရော။

အဆောက်အအုံတွေရဲ့ အုတ်မြစ်ပိုင်းတွေမှာ ခြစားနေရင် အခြေယိုင်ပြီး ဖောင်ဒေးရှင်းကို ထိပြီး အဆောက်အအုံရဲ့ ကြံ့ခိုင်ရေး ထိခိုက်သည်အထိ ဖြစ်နိုင်သေးတယ်နော်။ တန်ဖိုးကြီးတဲ့ ပရိဘောဂတွေဆိုရင်လည်း ခြနဲ့တွေ့ရင် ပျက်စီးရတာပါပဲ။

ခြ termite တွေက သူတို့ရဲ့ လိုဏ်ခေါင်းငယ်/ လမ်းကြောင်းငယ် mud tube လေးတွေကို စိုစွတ်နေအောင် ထားတော့ လျှပ်စစ်သွယ်တန်းမှုတွေမှာ သွားထိခိုက်စေပြီး ရှော့ဖြစ်/ပြတ်တောက်တာတွေ ဖြစ်လာတတ်ပါတယ်။

အရေးကြီးတဲ့အချက်က ခြအုံ (termite hive) ရှိတဲ့၊ ခြစားနေတဲ့ အိမ်ခြံမြေတွေကို နားလည်တဲ့သူတွေက မဝယ်တတ်ကြလို့ အရေးအကြောင်း တအားရောင်းရခက်စေပါတယ်။ ပြည်တွင်း အိမ်ခြံမြေကဏ္ဍမှာ ခြနဲ့ပတ်သက်တဲ့ ဥပဒေမရှိသေးသော်ငြားလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခြကင်းစင်ကြောင်း/ခြရှာဖွေနှိမ်နင်းထားကြောင်း Certificate ပြနိုင်မှ ရောင်းနိုင်ဝယ်နိုင်အောင် ချမှတ်ထားတဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီမှာ ဥပဒေမရှိသေးပေမဲ့ သေချာကြည့်တတ်သူနဲ့ဆိုရင် ခြရှိတာ ရောင်းပန်းမလှဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ အိမ်ခြံမြေ ဝယ်ယူမယ့်သူများလည်း သတိထားစစ်ဆေးသင့်တဲ့အချက်ပါ။

လယ်ကွင်းယာခင်း၊ ဥယျာဉ်တွေထဲအထိလည်း ခြတွေ တွေ့ရနိုင်တယ်နော်။ အပင်တွေကို စိတ်တိုင်းကျစားသုံးတာလေ။

ခြတွေရဲ့ ကိုယ်လက်အစိတ်အပိုင်းနဲ့ အညစ်အကြေးတွေက လေထုသန့်စင်မှုကို နှောင့်ယှက်ပါသေးတယ်။ ခြကြောင့် allergy ထပြီး ယားယံတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဖြစ်တာအထိ ဆိုးရွားပါတယ်။ ပန်းနာရင်ကျပ် (asthma) ရောဂါရှိသူတွေ ခြရှိတဲ့အိမ်မှာ နေရင် ပိုဆိုးလာတတ်ပါတယ်။

ခြအုံရှိတဲ့ နေရာ မှိုမတက်ပေမဲ့ ခြစားခဲ့ပြီးသားနေရာတွေကတော့ မှိုမှုန်တွေ ပေါက်ပွားလာနိုင်ပါတယ်။ မျက်စိတွေထဲ ခြမှုန်တွေ ဝင်တတ်တာ အဆင်မပြေပါဘူး။ အချုပ်ပြောရရင် ခြရှိရင် ကျန်းမာရေးတွေ ထိခိုက်ကြမှာပါ။

စာမဖတ်တတ်ပေမယ့် စာရွက်တော့ကြိုက်တယ်။ အရေးကြီးစာရွက်စာတမ်းတွေ၊ စာအုပ်တွေ ပျက်စီးရတာ ခြက တရားခံပါ။

တခြားပိုးမွှားတွေ အိမ်ထဲဝင်ဖို့ကိုလည်း ကူညီလမ်းဖွင့်ပေးပါသေးတယ်။ ဆင်သွားရင် လမ်းဖြစ်သလိုပဲ၊ ခြစားသွားတဲ့နေရာမှာ တခြားပိုးမွှားတွေဝင်လို့ရတဲ့အထိ အပေါက်ကြီးတွေ ကျန်ခဲ့လို့လေ။ ပတ်ဝန်းကျင်အလှကိုလည်း တဖက်တလမ်းကနေ ဖျက်ဆီးပေးပါတယ်။ အလှစိုက်ထားတဲ့ သစ်ပင်၊ ပန်းပင်တွေကို ကိုက်ရတာ သူတို့အကြိုက်ဆိုတော့။

ဆယ်စုနှစ်ရန်သူတွေလို့ ပြောရတဲ့အထိ တစ်ခါစွဲပြီးရင် အကြာကြီးနေနိုင်တာ၊ ရှင်းထုတ်ဖို့ခက်တာ ခြတွေပဲဖြစ်လို့ အိမ်ထဲကို အဝင်မခံတာ အကောင်းဆုံးပါပဲ။ ဘာကောင်းကျိုးမှမပေးတာမို့ “ခြ” တွေကို “ချ” ဖို့ အရေးကြီးပါတယ်။ ခြမတက်အောင် အစဉ်တစိုက် သတိပြုဖို့နဲ့ ပုံမှန်စစ်ဆေးနေဖို့ လိုပါမယ်။

Copyright by Green Pest Management

Green Pest is ready to make Pest Free Environment around you.

Stay healthy, Stay happy. Let us help you.

Get in Touch

Bagan Trip in 2025

Rat & Water Flood

ကြွက် – Rat တွေက ရေကူးကျွမ်းကျင်သူတွေဖြစ်တယ်

ကြွက် – Rat တွေဟာ ရေထဲမှာ သုံးရက်လောက်အထိ ကိုယ်ဖော့ပြီး အသက်ရှင်နေနိုင်ကြပါတယ်

Mosquito & Who likes banana

ငှက်ပျောသီးစားသူများသည် ခြင်(Mosquito)ကို ဆွဲဆောင်နိုင်ပါသလား ?

ခြင် (Mosquito) တွေက သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထဲက အရည်တွေကို ကြိုက်ကြတာ သဘာဝပါပဲ

Rats' Birth Rate

ကြွက်မ (female rat) တစ်ကောင်ရဲ့ သားပေါက်နှုန်းကို သိပါသလား ?

ကြွက်မ (female rat) တစ်ကောင်ဟာ ပျှမ်းမျှအားဖြင့် ရက်သတ္တပတ် (၃) ပတ်တိုင်းမှာ ကြွက်ကလေး (၆)ကောင်မွေး ထုတ်နိုင်ပါတယ်

ခြ termite တွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ – အပိုင်း (၁)

ခြ termite တွေက ပူနွေးစွတ်စိုတဲ့ ရာသီဥတု/နေရာဒေသကို ကြိုက်တာမှန်ပေမဲ့ အအေးပိုင်းဒေသတွေလည်း ခြရှိနိုင်တာမလို့ ကြိုတင်စစ်ဆေး ကာကွယ်ခြင်းဟာ နေရာဒေသတိုင်း၊ ရာသီတိုင်းအတွက် လိုအပ်ပါတယ်။