ခြနှိမ်နင်းရေး ဝန်ဆောင်မှု

Post-construction Termite Control

Post ConstructionTermite Control

ခြနှိမ်နင်းရေး ဝန်ဆောင်မှု

ဆောက်လုပ်ပြီးစီးထားသော အဆောက်အဦတွင် ခြနှိမ်နင်းခြင်းလုပ်ငန်း၌ ဦးစွာ လက်ရှိခြတက်ခြင်းရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ တံခါးကျည်းဘောင်များ၊ ပါကေးများ၊ စကာတင်များ၊ မျက်နှာကျက်အတွင်း မျက်နှာကျက်သစ်သားတန်းများ၊ နံရံကပ်ဘီဒိုများ၊ ပရိဘောဂများ၊ စက္ကူနှင့် ပတ်သက်သော စာအုပ်နှင့် စာအုပ်စင်များ၊ စက္ကူချပ်များကို စစ်ဆေးပေးခြင်း၊ အဆောက်အဦးအပြင်ပိုင်းတွင် မိလ္လာကျင်းများ၊ ရေတလျှောက်၊ ရေဆင်းပိုက်များ၊ ခြေတံရှည်အိမ်ဖြစ်ပါက သစ်သားထောက်တိုင်များ Ground ကြိုးချထားသော အပ်ကြိုးများမှ ခြလမ်းကြောင်းများ နေအိမ်နှင့် အဆောက်အဦးများသို့ ချည်းကပ်လာနိုင်သဖြင့် ၎င်းနေရာများကို စစ်ဆေးပေးခြင်းများကို ဦးစွာလုပ်ဆောင်ပေးပါသည်။

Drilling & Injection Method ဖြင့် ခြနှိမ်နင်းခြင်းလုပ်ငန်းတွင် ခြလက်ရှိရှိနေသော နေရာများတွင်ရှိသော ပါကေး၊ ကျည်းဘောင်၊ စကာတင်များအား Drill ဖောက်ဆေးထည့်ပေးခြင်း၊ Drill ဖောက်ဆေးထည့်၍ မရသော နေရာများအား ဆေးဖျန်းပေးခြင်း၊ အဆောက်အဦ၏ အပြင်ပိုင်းတွင်လည်း အဆောက်အဦနံရံ၏ (3) ပေအကွာမှနေ၍ Drill ဖောက်ဆေးထည့်ပေးခြင်း နည်းလမ်းများဖြင့် နှိမ်နင်းပေးပါသည်။

ခြနှင့်ပတ်သက်သော အခြားဝန်ဆောင်မှုများ

Preconstruction Termite Control - ခြကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှု

Termite Inspection - ခြရှိနေသော နေရာများ၊ ခြလမ်းကြောင်းများ စစ်ဆေးပေးခြင်း

Termite Baiting - Above Ground & In Ground ဝန်ဆောင်မှုများ