အုပ်စုဖွဲ့နေထိုင်တတ်ပြီး အုပ်စုတစ်စုချင်းစီတွင် ကိုယ်ပိုင်နယ်မြေရှိသည်

Rodent

Rodent (ကြွက်)

  • ကြွက်များသည် အဓိကအားဖြင့် ညဘက်တွင်လှုပ်ရှားသွားလာတတ်သော သတ္တဝါများဖြစ်သည်။
  • အုပ်စုဖွဲ့နေထိုင်တတ်ပြီး အုပ်စုတစ်စုချင်းစီတွင် ကိုယ်ပိုင်နယ်မြေရှိသည်။
  • ကြွက်များသည် အမြင့်ကိုတက်နိုင်၊ ခုန်နိုင်၊ ပြေးနိုင်ကြသည်။ ကျွမ်းကျင်စွာ ရေကူးနိုင်ကြသည်။
  • ကြွက်များသည် အလွန်စူးစမ်းတတ်သော သတ္တဝါများဖြစ်သည်။
  • ကြွက်များသည် ကိုက်ဖြတ်တတ်သော အလေ့အကျင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်နှင့်အမျှ ရှည်လျှားလာသော ၎င်းတို့၏သွားများကို တိုစေရန်အတွက်ဖြစ်သည်။
  • ကြွက်များသည် ခဲ၊ အလူမီနီယံ၊ စက္ကူ၊ သစ်သား၊ ကြေးနီနှင့်အခြားသော အရာဝတ္ထုများကို သွားလာရာ လမ်းကြောင်းတစ်လျှောက် ကိုက်ဖြတ်ထားတတ်ကြသည်။
  • အမှောင်ထဲတွင်ကြွက်များသည် မျက်လုံးကောင်းစွာမမြင်ရပါ။
  • အရာဝတ္ထုများကို ရှာဖွေရန် အထိအတွေ့ကို အလေးထားပြီး အချင်းချင်းမှတ်မိစေရန် အနံ့ကို ကောင်းစွာ အသုံးပြုကြသည်။
  • ရန်သူများ၏ အန္တရာယ်ကို ကာကွယ်ရန် တစ်ဦးနှင့်တစ်ဦး အကြားအာရုံဖြင့် အဓိကဆက်သွယ်ကြသော အလေ့အကျင့်ကောင်းရှိသည်။

မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော ကြွက်အမျိုးအစားများမှာ

(1) Norway Rat (မြေကြွက်ကြီး)

(2) Roof Rat (ခေါင်မိုးကြွက်၊ ကြွက်ဝမ်းဖြူ)

(3) House Mouse (အိမ်ကြွက်ငယ်)

Norway Rat (မြေကြွက်ကြီး)

  • နှာခေါင်းတို၊ မျက်လုံးသေး၊ နားသေးသေး၊ အလွန်ကြီးသော ခန္ဓာကိုယ်နှင့်ခေါင်းထက် အမြီးက ပိုတိုနေတတ်သည်။
  • ကြွက်ချေးများသည် ဆေးတောင့် ပုံသဏ္ဌာန် ရှိသည်။
  • ပုံမှန်အားဖြင့် တွင်းများတွင် နေထိုင်တတ်ကြသည်။
  • အစုံစားသတ္တဝါများဖြစ်သည်။ (အသား၊ အသီးအရွက်နှင့် အခြားအစားအစာများကိုလည်း စားသုံးတတ်ကြသည်။)
  • အဓိကအားဖြင့် ခန္ဓာကိုယ်နှင့် သင့်တင့်လျှောက်ပတ်သော ကယ်လိုရီကို ချင့်ချိန်စားသုံးတတ်ကြသည်။ ရေကိုလည်း ချင့်ချိန်သောက်သုံးသော သတ္တဝါများဖြစ်သည်။

Roof Rat (ခေါင်မိုးကြွက်၊ ကြွက်ဝမ်းဖြူ)

  • နှာခေါင်းရှည်၊ မျက်လုံးကြီး၊ နားကြီးကြီးဖြစ်ပြီး ခန္ဓာကိုယ်မှာ သေးသွယ်သည်။
  • ခန္ဓာကိုယ်ထက် အမြီးက ပိုရှည်သည်။ ကြွက်ချေး ပုံသဏ္ဌာန်မှာ ရှည်မျောမျော လွန်း ပုံသဏ္ဌာန် ရှိသည်။
  • သစ်ပင်ကြီးများပေါ်နှင့် အဆောက်အအုံ အပြင်ဘက်တွင် အသိုက်ဖွဲ့နေထိုင်ကြသည်။
  • ရံဖန်ရံခါတွင် အဆောက်အအုံအတွင်းဘက် မြေပြင်ပေါ်တွင် အသိုက်ဖွဲ့နေထိုင်တတ်ကြသည်။
  • သစ်ပင်မှအဆောက်အအုံသို့ ချဉ်းကပ်ရာတွင် အမြီးကို ကြိုးကဲ့သို့ အပင်နှင့်ချိတ်၍ ခုန်ကူးတတ်သည်။
  • အစုံစားသတ္တဝါများဖြစ်သည်။ (အဓိကအားဖြင့် အသီး၊ အစေ့နှင့်အဆံတို့ကို ပိုမိုကြိုက်နှစ်သက်ကြသည်။)
  • ခန္ဓာကိုယ်နှင့် သင့်တင့်လျှောက်ပတ်သော ကယ်လိုရီကို ချင့်ချိန်စားသုံးတတ်ကြသည်။ ရေကိုလည်း ချင့်ချိန် သောက်သုံးသော သတ္တဝါများဖြစ်သည်။

House Mouse (အိမ်ကြွက်ငယ်)

  • ဦးခေါင်းသေးပြီး ခြေထောက်သေးသွယ်၍ ခန္ဓာကိုယ်မှာလည်းသေးသွယ်သည်။
  • ကြွက်ချေး ပုံသဏ္ဌာန်မှာ အချောင်း ပုံသဏ္ဌာန်လေးများဖြစ်သည်။
  • အိမ်အတွင်း၊ ဗီရို၊ ထပ်ခိုး၊ အဝတ်အစားထည့်သော ပုံးများတွင် အိမ်ဖွဲ့နေတတ်ကြသည်။
  • ပြောင်းစေ့နှင့် အသားပါသော ထုတ်ကုန်များကို အဓိကကြိုက်နှစ်သက်ပြီး အခြားအစားအစာ ပစ္စည်းများကိုလည်း စားသုံးတတ်ကြသည်။ အစုံစား သတ္တဝါများဖြစ်သည်။
  • ခန္ဓာကိုယ်နှင့် သင့်တင့်လျှောက်ပတ်သော ကယ်လိုရီကို ချင့်ချိန်စားသုံးတတ်ကျသည်။ ရေကိုလည်း ချင့်ချိန်သောက်သုံးသော သတ္တဝါများဖြစ်သည်။

Rodent Infestation (ကျရောက်ခြင်း)

အောက်ပါ အမှတ်အသားများ အဆောက်အအုံ အတွင်းအပြင်တွင် တွေ့ရှိရခြင်းဖြင့် ကြွက်အန္တရာယ် ကျရောက်နေကြောင်း သိရှိနိုင်ပါသည်။

  • Droppings (ကြွက်ချေး)
  • Grease marks (အမှတ်အသား)
  • Tracks and Cable (လမ်းကြောင်း)
  • Gnaw marks (ကိုက်ရာ)
  • Burrows (ကြွက်တွင်း)
  • Run ways (ပြေးလမ်း)
  • Sounds (အသံ)
  • Urine stains (အနံ့များ)

ကြွက်နှင့်ပတ်သက်သော ရောဂါများ

  • Plague (ကြွက်သန်းမှ ကူးစက်သော ပလိပ်ရောဂါ)
  • Leptosphosis (ဘက်တီးရီးယားရောဂါ)
  • Murine Typhus (ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းရောဂါ)
  • Rate – bite fever (ကြွက်သားများ ရောင်ရမ်းခြင်းရောဂါ)
  • Salmonella (အစာအဆိပ်သင့်ရောဂါ)