ဘက်တီးရီးယားပိုးမွှားများကို ပြန့်ပွားစေတတ်သော အင်းဆက် အမျိုးအစားဖြစ်သည်

Fly

Fly (ယင်)

  • လူနှင့် ပတ်ဝန်းကျင်တွင် ဘက်တီးရီးယားပိုးမွှားများကို ပြန့်ပွားစေတတ်သော အင်းဆက် အမျိုးအစားဖြစ်သည်။

ယင်ကောင်ကြောင့် ဖြစ်ပွားသောရောဂါများ

(၁) အစာအဆိပ်သင့်ခြင်း

(၂) ကာလဝမ်းရောဂါ

(၃) အူရောင်ငန်းဖျားရောဂါ

(၄) အစားအစာမှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည်။


မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော ယင်ကောင်အမျိုးအစားများမှာ

(1) House Flies

(2) Flesh Flies

(3) Fruit Flies

(4) Stable Flies (Blood Sucking Flies)

(5) Blue – bottle Flies (Blow Flies)

House Flies

  • သေးငယ်ပြီး မီးခိုးရောင် အရောင်အဆင်း ရှိပါသည်။
  • ရင်အုပ်ပိုင်းတွင် ဒေါင်လိုက် အဖြူရောင် အစင်း ၃ ကြောင်း ပါရှိသည်။
  • အိမ်၊ စားသောက်ဆိုင်များနှင့် အမှိုက်ပုံးများတွင် အများဆုံး တွေ့ရသည်။
  • အစားအသောက် ပြင်ဆင်ထားသော နေရာများတွင် မကြာခဏ တွေ့ရတတ်သည်။

Flesh Flies

  • အရွယ်အစားအလွန်ကြီးပြီး မီးခိုးရင့်ရောင် အရောင်အဆင်း ရှိသည်။
  • သားစိမ်းငါးစိမ်းရှိသော နေရာများ၊ ဈေးနှင့်နီးသော နေရာများ၊ အညစ်အကြေးများ အပေါ်တွင် စားသုံးပြီး မျိုးပွားသော ယင်အမျိုးအစားဖြစ်သည်။
  • လူတို့၏ အစားအစာများပေါ်တွင် ရံဖန်ရံခါ နားတတ်ပြီး ရောဂါဖြန့်ဖြူးတတ်ကြသည်။

Fruit Flies

  • အလွန်သေးငယ်ပြီး ဝါညိုရောင် အရောင်အဆင်း ရှိသည်။
  • ပုပ်သိုးနေသော အသီးအရွက်များ၊ အမှိုက်ပုံ၊ အမှည့်လွန်သော အသီးများ၊ အချဉ်ပေါက်နေသော အစားအစာများနှင့် နွားနို့တို့ကို ကြိုက်နှစ်သက်စွာ စားသုံးကြသည်။
  • အာရုဏ်တက်ချိန်နှင့် ည‌နေဆည်းဆာအချိန်များတွင် ပိုမိုတွေ့ရှိရသည်။

Stable Flies (Blood Sucking Flies)

  • Beach Fly ဟု လူသိများသော ယင်အမျိုးအစားဖြစ်သည်။
  • လူနှင့်အခြားသောတိရိစ္ဆာန်များကို နာကျင်အောင်ကိုက်တတ်သော သဘောသဘာဝရှိသည်။
  • ကမ်းခြေများတွင် အများဆုံး တွေ့ရတတ်သည်။
  • သွေးကိုစုပ်ယူ၍ အစားအစာအဖြစ် စားသုံးကြသော ယင်များဖြစ်သည်။
  • သကြားဓာတ်ပါသော အစားအစာများကိုလည်း ကြိုက်နှစ်သက်ကြသည်။

Blue – bottle Flies (Blow Flies)

  • House Fly များထက် အကောင်ကြီးပြီး တောက်ပသောသတ္တုအရောင်၊ အပြာ (သို့) အစိမ်းရောင် အရောင်အဆင်း ရှိသည်။
  • အမှိုက်ပုံးများ၊ တိရိစ္ဆာန်အသေများနှင့် လူတို့၏ အစားအစာများပေါ်တွင် မကြာခဏ တွေ့ရသည်။
  • ထူးခြားချက်မှာ ၎င်းယင်များ ပျံသန်းလာသောအခါ ကျယ်လောင်ဆူညံသော အသံကိုကြားရ တတ်သည်။