ညအချိန်တွင် ကျင်လည်ကျက်စားတတ်သော ပိုးမွှားများဖြစ်သည်

Cockroach

Cockroach (ပိုးဟပ်)

  • ပိုးဟပ်များသည် ညအချိန်တွင် ကျင်လည်ကျက်စားတတ်သော ပိုးမွှားများဖြစ်သည်။
  • အုပ်စုဖွဲ့နေထိုင်တတ်ကျပြီး အပြေးမြန်ကြသည်။ အမြင့်ကိုလည်း ကောင်းစွာတက်နိုင်ကြသည်။
  • အစုံစားသတ္တဝါမျိုးဖြစ်သည်။ ကော်နှင့်အချိုဓာတ်ပါသော အစားအစာများကို နှစ်သက်သည်။
  • ရေနှင့် အစားအစာမရှိပဲ ရက်သတ္တပတ်ကြာသည်အထိ အသက်ရှင်နေထိုင်နိုင်သော ပိုးမွှားများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော ပိုးဟပ်အမျိုးအစားများမှာ

(1) American Cockroaches

(2) German Cockroaches

(3) Brown Cockroaches

(4) Asian Cockroaches

American Cockroaches

  • နီညိုရောင် အရောင်အဆင်းနှင့် အရှည် (34 – 53) mm ရှိသည်။
  • ရေဆိုးပိုက်များ၊ ရေဆိုးမြောင်းများနှင့် Manholes ကဲ့သို့ စိုထိုင်းသော နေရာများတွင်နေထိုင်ကြသည်။
  • အစုံစား ပိုးဟပ်အမျိုးအစားဖြစ်သည်။

German Cockroaches

  • နီညိုရောင်ဖျော့ဖျော့အရောင်အဆင်းနှင့် အရှည် (13 – 16) mm ရှိသည်။
  • အစားအသောက်နှင့်နီးသောနေရာများ၊ မီးဖိုချောင်များနှင့် စားသောက်ဆိုင်များတွင် အများဆုံး တွေ့ရသည်။
  • နွေးထွေးပြီး ခြောက်သွေ့သောနေရာနှင့် အလွယ်တကူ ရေရရှိနိုင်သော နေရာများတွင်လည်း တွေ့ရသည်။
  • အတောင်ရှိသော်လည်း ပျံသန်းမှုနည်းသော ပိုးဟပ်မျိုးဖြစ်သည်။
  • အစုံစား ပိုးဟပ်အမျိုးအစား ဖြစ်ပြီး ဆေးယဉ်ပါးမှု အမြန်ဆုံးနှင့် ပေါက်ဖွားနှုန်း အမြင့်ဆုံး ပိုးဟပ်အမျိုးအစားဖြစ်သည်။

Brown Cockroaches

  • အမဲရောင်နှင့် အညိုရောင်ဖျော့ဖျော့ အရောင်အဆင်း၊ အရှည် (18 – 25) mm ရှိသည်။
  • ပန်းအိုး၊ အပင်များမှတစ်ဆင့် အိမ်နှင့် စားသောက်ဆိုင်များဆီသို့ ပါလာတတ်ကြသည်။
  • အဆောက်အအုံ နံရံများ၏ အက်ကွဲကြောင်းများတွင် အများဆုံး တွေ့ရှိရတတ်သည်။

Asian Cockroaches

  • အညိုရောင်ဖျော့ဖျော့ အရောင်အဆင်း၊ အရှည် (13 – 16) mm ရှိသည်။
  • အဆောက်အအုံ၏ အပြင်ဘက်တွင် နေထိုင်ကြသော ပိုးဟပ်များဖြစ်သည်။
  • အတောင်ရှိ၍ ကောင်းစွာ ပျံသန်းနိုင်ကြသည်။
  • ဆလပ်ရွက်၊ ဂေါ်ဖီထုပ်နှင့် စိုက်ပျိုးသီးနှံများကို စားသုံးကြသည်။