သွေးတစ်မျိုးထဲကိုသာ အထူးသီးသန့်စားသုံးသော အင်းဆက်အမျိုးအစားဖြစ်သည်

Bed Bug

Bed Bug (ကြမ်းပိုး)

  • ကြမ်းပိုးသည် ဥမှ စပေါက်ပြီး အကောင်ငယ်ဘဝမှ သက်တမ်းတစ်လျှောက်လုံးတွင် သွေးတစ်မျိုးထဲကိုသာ အထူးသီးသန့်စားသုံးသော အင်းဆက်အမျိုးအစားဖြစ်သည်။ အစာမစားသုံးပဲ ရက်ပေါင်း (၇၀) ခန့်မျှ အသက်ရှင်နိုင်ပါသည်။ အရွယ်ရောက်ပြီးသော အကောင်ကြီးများသည် အညို ရောင်နှင့် နီညိုရောင်ရင့်ရင့်ရှိပြီး ခန္ခာကိုယ်မှာ ဘဲဥပုံသဏ္ဍာန်နှင့် ပြားသော ခန္ခာကိုယ်ရှိသည်။ ကြမ်းပိုးတွင် အတောင်ပံမပါရှိပါ။ အရွယ်ရောက်ပြီးသော ကြမ်းပိုးများသည် ၄ မှ ၅ မီလီမီတာနှင့် ခန္ခာကိုယ်အကျယ်မှာ ၁.၅ မှ ၂ မီလီမီတာထိ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးသော ကြမ်းပိုးအမများသည် တစ်ကြိမ်လျှင် ပျမ်းမျှ ၁၈ မှ ၂၃ ဥထိ ဥနိုင်ကျပြီး သက်တမ်းတစ်လျှောက်တွင် ဥပေါင်း ၂၀၀ မှ ၅၀၀ ထိ ဥနိုင်ကျသည်။ အပူပိုင်းဒေသတွင်ရှိသော ကြမ်းပိုးများသည် ဥပေါင်း ၅၀ ခန့်သာ ဥနိုင်သည်။ ကြမ်းပိုးများ၏ ဘဝစက်ဝန်းမှအဆင့် (၅) ဆင့်ရှိပြီး ဥမှ ပိုးတုံးလုံးခေါ် (Nymph) အဆင့် (၅) ဆင့်ကို ဖြတ်ကျော်ပြီးမှ အရွယ်ရောက်သော အကောင်ကြီးအဆင့်သို့ ရောက်ရှိကျသည်။ ဥမှ စပေါက်ပြီး ပိုးတုံးလုံးငယ်ဘဝမှ အရွယ်ရောက်သော အကောင်ကြီးအဆင့်ထိ သွေးကို စားသုံးပြီး ဘဝစက်ဝန်းအဆင့်ဆင့်ကို ဖြတ်ကျော်ကြီးထွားလာရသည်။
  • ကြမ်းပိုးများသည် နံရံအက်ကွဲကြောင်းများ၊ အိပ်ယာအနီးတဝိုက်၊ လူနှင့် အနီးဆုံးနေရာများတွင် စတင်တွေ့ရှိတတ်ပြီး ပွားများလာချိန်တွင် အခန်းတစ်ခုလုံးသို့ ပျံ့နှံ့နိုင်သည်။ ကြမ်းပိုးများကို အိပ်ယာခင်းထောင့် တောက်လျှောက်နှင့် ခေါင်းရင်းပိုင်းတွင်ရှိသော ထောင့်များ၊ သစ်သားပြားများ၊ ကုတင်ထောင့်များ၊ တန်းများ၊ ဆိုဖာခုံများ၊ သစ်သားနှင့်ကြိမ်ခုံများ၊ အဝတ်အထည်ဘီရိုများ၊ မီးပလပ်ခုံထောင့်များ၊ တံခါးနှင့် ပြတင်းပေါက်နေရာများ၊ နံရံကပ်ဓာတ်ပုံများ၏ အနောက်ဘက်များ တွင် တွေ့ရှိနိုင်ပါသည်။ ထို​့အပြင် ပိုက်ဆံအိတ်၊ ကျောပိုးလွယ်အိတ်၊ ခရီးဆောင်အိတ်များ၊ အဝတ်အထည်များ၊ စာအုပ်များတွက်လည်း ပုန်းခိုနိုင်ပြီး ထိုပစ္စည်းများမှတစ်ဆင့် မိမိနေအိမ်၊ Hotel များ၊ တည်းခိုခန်းများထိ သယ်ဆောင်ပျံ့နှံ့နိုင်ပါသည်။