ပုရွက်ဆိတ်များသည် အုပ်စုလိုက် နေထိုင်ကြသော အင်းဆက်များဖြစ်သည်

Ant

Ant (ပုရွက်ဆိတ်)

  • ပုရွက်ဆိတ်များသည် အုပ်စုလိုက် နေထိုင်ကြသော အင်းဆက်များဖြစ်သည်။
  • ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်မှတစ်ဆင့် ရောဂါပိုးမွှားများ ကပ်တွယ်၍ ပါလာတတ်သည်။
  • ထိုမှတစ်ဆင့် အစားအစာများထဲသို့ ဝင်ရောက်ပြီး အစာအဆိပ်သင့်ခြင်း (လူများစွာ)ကို ဖြစ်စေတတ်သည်။
  • ပုရွက်ဆိတ်များသည် လူနှင့် အခြားသတ္တဝါများကို ရန်ပြုလိုခြင်း မရှိပါ။ သို့သော် ၎င်းတို့၏ အန္တရာယ်အား ကာကွယ်ရန်အတွက် ကိုက်တတ်ကြသည်။
  • ပုရွက်ဆိတ်ကိုက်လျှင် လူနှင့် အခြားသတ္တဝါများ နာကျင်ခြင်းကို ခံစားကြရသည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ Formic Acid အရည်ကို ကိုက်ခဲလိုက်သည့် ဒဏ်ရာအတွင်းသို့ ထိုးသွင်း လိုက်ခြင်းကြောင့် ဖြစ်သည်။
  • ပုရွက်ဆိတ်များသည် အမျိုးအစားအလိုက် အရောင်ကွဲပြားတတ်ကြသည်။ (ဥပမာ အနက်၊ အနီ၊ အဝါ၊ အညို စသဖြင့် ကွဲပြားတတ်ကြသည်။)
  • ပုရွက်ဆိတ်အိမ်တစ်ခုတွင် ပုရွက်ဆိတ် အထီး၊ အမ၊ စစ်သားပုရွက်ဆိတ်၊ မျိုးပွားပုရွက်ဆိတ်၊ လုပ်သားပုရွက်ဆိတ်၊ ဘုရင်မတို့ နေထိုင်ကြသည်။
  • အရွယ်ရောက်သော ပုရွက်ဆိတ်အမများသည် အသိုက်မှ ခွဲထွက်၍ အခြားပုရွက်ဆိတ် အထီးတစ်ကောင်နှင့် မိတ်လိုက်၍ ပုရွက်ဆိတ်အိမ် အသစ်တစ်ခု တည်ဆောက်ကြသည်။
  • အလုပ်သမားပုရွက်ဆိတ်သည် အစာအရင်းအမြစ်ကို ရှာဖွေသော တာဝန်ကို ထမ်းဆောင်သည်။

မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော ပုရွက်ဆိတ်အမျိုးအစားများမှာ

(1) Carpenter Ant

(2) Crazy Ant

(3) Ghost Ant

(4) Thief Ant

Carpenter Ant

  • အသိုက်ဆောက်ရန် ရည်ရွယ်၍ သစ်သားများကို အပေါက်ဖောက်ပြီး နေထိုင်သော အလေ့အထ ရှိသည့် ပုရွက်ဆိတ်မျိုးဖြစ်သည်။
  • Carpenter Ant များသည် မတုပ်တတ်ကြသော်လည်း လူတို့အား နာကျင်အောင် ကိုက်ခဲတတ်ကြသည်။
  • များသောအားဖြင့် ခြနှင့် မှားတတ်ကြသည်။

Crazy Ant

  • အစာရှာဖွေရန် အခန်း (သို့) အဆောက်အအုံထဲတွင် ရည်ရွယ်ချက်မရှိပဲ ပြေးလွှားနေတတ်သော ပုရွက်ဆိတ် အမျိုးအစားဖြစ်သည်။
  • အပူထုတ်ပေးနိုင်သော ပစ္စည်း၊ ရေပူပိုက်အနီး၊ ကြမ်းခင်းအောက်၊ နံရံအပေါက်များတွင် အသိုက်ဆောက် နေတတ်ကြသည်။

Ghost Ant

  • မြင်တွေ့ရန် ခက်ခဲသော ပုရွက်ဆိတ်အမျိုးအစားဖြစ်သည်။
  • အရောင်ဖျော့တော့တော့ရှိပြီး အလွန်သေးငယ်သည်။
  • ချိုင့်ခွက်၊ မြေကြီးအတွင်း၊ အခေါင်းပေါက်များထဲတွင် အသိုက်ဆောက်နေတတ်ကြသည်။

Thief Ant

  • အခြားသော ပုရွက်ဆိတ်အမျိုးအစားများ၏ အသိုက်နှင့်နီးသော (သို့) အသိုက်များထဲတွင် အသိုက်ဆောက် နေထိုင်ကြသော အမျိုးအစားဖြစ်သည်။
  • အဓိက လုပ်ငန်းဆောင်တာမှာ အခြားပုရွက်ဆိတ်များ၏ အစားအစာများကို ခိုးယူရန်နှင့် လုယူရန် ဖြစ်သည်။
  • မြေကြီး၊ ဆွေးမြေ့နေသော သစ်သားနှင့် အမှိုက်များကြားတွင် အသိုက်ဆောက်နေကြသည်။