Termite Control
Green Pest Management မှ အဓိကဝန်ဆောင်မှုပေးသော ဝန်ဆောင်မှုများတွင် (ခြ) ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းစဉ်မှာ မပါမဖြစ်နှင့် ဝန်ဆောင်မှု အများဆုံးပေးရသော Pest Control အမျိုးအစားလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ရေမြေသဘာဝအရ (ခြ) ပေါက်ပွားမှုနှင့် ပျံ့နှံ့မှုမှာ အလွန်လျင်မြန်သည်။ သတိမထားမိ၍သော်လည်းကောင်း၊ သတိထားမိသော်လည်း စနစ်တကျ မရှင်းလင်းနိုင်၍သော်လည်း အချိန်မီ မကာကွယ်နိုင်ခဲ့ပါက မိမိနေထိုင်ရာ အိမ်၊ ရုံး၊ အဆောက်အဦနှင့် တန်ဖိုးရှိသောပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလာနိုင်ပါသည်။
(ခြ) ပြဿနာများအား ဖြေရှင်းရန်အတွက် Green Pest Management မှ (ခြ)လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း (၄) ပိုင်းခွဲခြား၍ ဝန်ဆောင်မှုပေးနေပါသည်။
- Preconstruction Termite Control (ခြကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှု)
- Post-construction Termite Control (ခြနှိမ်နင်းရေး ဝန်ဆောင်မှု)
- Termite Inspection (ခြရှိနေသောနေရာများ၊ ခြလမ်းကြောင်းများ စစ်ဆေးပေးခြင်း)
- Termite Baiting (Above Ground & In Ground ဝန်ဆောင်မှုများ) စသဖြင့် တာဝန်ယူဆောင်ရွက်ပေးနေပါသည်။



