Termite (ခြ)
- ခြ များကို အများအားဖြင့် (White Ants) ဟုလည်း ခေါ်ကြပါသည်။
- (White Ants) ဟုခေါ်သော်လည်း (ခြ) များကို (ပုရွက်ဆိတ်) များနှင့် အလွယ်တကူ ခွဲခြားနိုင်ပါသည်။ (ခြ) များတွင် (ပုရွက်ဆိတ်) များနှင့် ဆင်တူသော ခါးမျိုး ရှိမနေပါ။
- (ခြ) များသည် သစ်သားများကို စားသုံးအသက်ရှင်ကြပါသည်။
- သဘာဝအားဖြင့် (ခြ) များသည် မြေဆီလွှာများ တိုးပွားရန် အကျိုးပြုပါသည်။ အဘယ်ကြောင့်ဆိုလျှင် (ခြ) များသည် စွန့်ပစ်ထားသော ပုပ်သိုးဆွေးမြေ့နေသည့် သစ်လုံးများကို စားသုံးပြီး မြေကြီးအား အာဟာရဓာတ် ပြန်လည်ဝေမျှပေးခြင်း အားဖြင့် မြေဆီလွှာကို တိုးပွားစေပါသည်။
- အဆိုးဆုံးသောအရာမှာ အဆောက်အအုံနှင့် အနီးအနားတွင် အုပ်စုတည်ထောင်သည့်အခါတွင် အလွန်ဖျက်စီးအားကောင်းသော အကောင်များဖြစ်သည့်အတွက် ကျွန်ုပ်တို့၏ အိမ်နှင့် အခြား တန်ဖိုးရှိပစ္စည်းများကို ပျက်စီးဆုံးရှုံးစေပါသည်။

“ခြ” အမျိုးအစား အုပ်စုများမှာ
(1) Subterranean Termite
(2) Dampwood Termite
(3) Drywood Termite
Subterranean Termite (မြေအောင်းခြ)
- ပုံမှန်အားဖြင့် မြေအောက်တွင် အသိုက်ဆောက်ပြီး တောင်ပို့နှင့်နေသော ခြ အမျိုးအစားများ ဖြစ်သည်။ အဆောက်အဦအောက်ခြေတွင်ရှိသော သစ်သားများကို အဓိကထား တိုက်ခိုက်တတ်ကြသည်။ လိုအပ်သော အစိုဓာတ်ကို အမြဲမပြတ် ဖြည့်ဆည်းပေးနိုင်သော နေရာများနှင့် မြေကြီးပေါ်တွင်လည်း အသိုက်ဆောက်နေနိုင်သည်။
Dampwood Termite (သစ်ဆွေးခြ)
- ပျက်စီးနေသော သစ်သားများ၊ စိုထိုင်းသော နေရာများတွင် အသိုက်များကို တည်ဆောက်တတ်ကြသည်။ သစ်ပင်များတွင် လုံလောက်သော စိုစွတ်မှုရှိလျှင် မြေပြင်တွင် မနေပါ။
Drywood Termite (သစ်အောင်းခြ)
- ခြောက်သွေ့ပြီး မပျက်စီးသော သစ်သားများတွင် အသိုက်ဖွဲ့နေထိုင်ကျသည်။ အစိုဓာတ် အနည်းငယ်ရှိရုံဖြင့် အသိုက်ဖွဲ့နေထိုင်နိုင်ကြသည်။ (2.8 – 3.0) ရာခိုင်နှုန်း)
- ထူးခြားချက်အနေဖြင့် ၎င်းတို့အုပ်စုထဲတွင် စစ်သားများနှင့် မျိုးပွားခြများသာပါသည်။ အလုပ်သမား ခြများ ပါဝင်မှု မတွေ့ရှိရပါ။

Termite Inspection
အဆောက်အအုံကို ခြများ ဝင်ရောက်ဖျက်ဆီးထားမှု ရှိ၊ မရှိကို အောက်ပါ လက္ခဏာများအား ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။
(၁) ရွှံ့လမ်းကြောင်းများ
(၂) ဖျက်စီးထားသောကုန်ပစ္စည်းများ
(၃) သစ်သားအခေါင်းပေါက်များ
(၄) ပျံသန်းနေသောအကောင်များ
(၅) အသက်မရှိသောအကောင်များ (သို့) သက်ရှိကောင်များ