Snake (မြွေ)
ငန်းတော်ကျား
Banded Krait – Bungarus fasciatus
- ငန်းတော်ကျားမြွေများကို အရှေ့တောင်အာရှနှင့် အိန္ဒိယတိုက်ငယ် အတွင်းတွင် တွေ့ရှိရသည်။
- အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ်သည်။
- အနေအေး၍ နေ့အခါမျိုးတွင် တွေ့ရှိရန် မလွယ်ကူပေ။
- လူတို့ ရန်မူလျှင် တော်ရုံဖြင့် ကိုက်တတ်လေ့ မရှိပဲ ဦးခေါင်းကို ခွေထားသည့် ခန္ဓာကိုယ်တွင်းသို့ ဝှက်လိုက်လေ့ရှိသည်။
- ညအခါတွင် သွက်လက်စွာ အစာရှာထွက်လေ့ရှိသည်။
- မြက်ခင်းများ၊ တွင်းများ၊ ရေမြောင်းများ စသည့်နေရာများတွင် ခိုအောင်းလေ့ရှိပြီး များသောအားဖြင့် မိုးတွင်းကာလများတွင် တွေ့ရလေ့ရှိသည်။
တောကြီးမြွေဟောက်၊ ငန်းပုပ်
King Cobra – Ophiophagus Hannah
- တောကြီးမြွေဟောက်များကို အရှေ့တောင်အာရှ၊ အနောက်တောင်အာရှနှင့် အာဖရိကတို့တွင် တွေ့ရှိရသည်။
- အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ်သည်။
- တောထူထပ်သောနေရာများ၊ လယ်ကွင်းပြင်များ၊ စိုက်ပျိုးမြေများ (စပါး၊ ဂျုံစိုက်ခင်း) စသည့် အရပ်များရှိ တွင်းများနှင့် သစ်ခေါင်းများအတွင်းတွင် ပုန်းအောင်းနေတတ်သည်။
မြွေပွေး
Viper – Viperidae
- ကမ္ဘာအနှံ့တွင် တွေ့ရှိရတတ်သော အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ်သည်။
- ကိုယ်ခန္ဓာ ကြီးမားပြီး အမြီးတို၍ ရှည်လျားသော အစွယ်တို့ပါရှိသည်။
- မြွေပွေးတို့မှာ ၎င်းတို့ အစွယ်မှ ထုတ်လွှတ်သည့် အဆိပ်ပမာဏကို သားကောင်အလိုက် ထိန်းချုပ် ထုတ်လွှတ်နိုင်စွမ်း ရှိကြပါသည်။
- နေ့အခါတွင် သွားလာလှုပ်ရှား အစာရှာထွက်လေ့ ရှိကြသည်။
ပင်လယ်မြွေ
Sea snake – Hydrophiinae
- ကမ္ဘာအနှံ့တွင် တွေ့ရှိရတတ်သော အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ်သည်။
- ပင်လယ်မြွေများကို အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့နှင့် စပ်ဆက်နေသော ကမ်းရိုးတန်းဒေသများတွင် တွေ့ရှိရပါသည်။
- ရံဖန်ရံခါတွင် ကမ်းခြေကမ်းစပ်များ၌ တွေ့ရှိရတတ်သည်။
- လူတို့ကို တော်ရုံမကိုက်တတ်သော်လည်း အဆိပ်ရှိသော မြွေအမျိုးအစားများ ဖြစ်ကြသည်။
- ပင်လယ်မြွေများတွင် လှော်တက်ကဲ့သို့သော အမြီးပါရှိပြီး ပြားချပ်သော ခန္ဓာကိုယ်ရှိကြသည်။