Mosquito (ခြင်)
- ခြင်များသည် သွေးစုပ်တတ်သော အင်းဆက်မျိုးဖြစ်သည်။
- လူနှင့်တိရိစ္ဆာန်များကို စိတ်အနှောက်အယှက်ပေးရုံသာမက ရောဂါများကိုလည်း ဖြစ်ပွားစေပါသည်။
- နှစ်စဉ်ထောင်ပေါင်းများစွာသော လူသားများ၏ အသက်ကို ခြိမ်းခြောက်နေသော အင်းဆက်များဖြစ်သည်။
- ခြင်မများသည် သွေးအစာနှင့် ပန်းဝတ်ရည်ကို သောက်သုံး၍ မျိုးပွားတတ်ကျသည်။
- ခြင်ထီးများမှာ ပန်းဝတ်ရည်ကိုသာ သောက်သုံးတတ်ကျသည်။
- လူသားများကို အလွန် ဒုက္ခပေးနိုင်သော “ခြင်” တစ်ကောင်ဖြစ်ရန်အတွက် ဘဝဖြစ်စဉ် (၄) ခုကို ဖြတ်သန်းကြရသည်။
(၁) ဥ
(၂) ပိုးလောက်လန်း
(၃) ပိုးတုံးလုံး
(၄) သက်ကြီးကောင်
- (ဥ) မှ (သက်ကြီးကောင်) အဆင့်သို့ ရောက်ရှိရန် (၇ - ၁၀) ရက်ခန့် ကြာမြင့်သည်။
“ခြင်” မျိုးစိတ်ပေါင်း (၃၀၀၀) ကျော်ရှိသည့်အထဲမှ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော ခြင်မျိုးစိတ်များမှာ
(1) Aedes Mosquitoes
(2) Culex Mosquitoes
(3) Anopheles Mosquitoes
Aedes Mosquitoes

- သွေးလွန်တုပ်ကွေးနှင့် Yellow Fever ကို ဖြစ်ပွားစေသော ပိုးမွှား အမျိုးအစားဖြစ်သည်။
- အမဲရောင် နှင့် ရွှေရောင် ခန္ဓာကိုယ်ရှိပြီး ခန္ဓာကိုယ်နှင့် ခြေထောက်တွင် အဖြူရောင်အဆင်းများ ရှိသည်။
- နေ့ဘက်တွင် ကျင်လည်ကျက်စားသော ပိုးမွှားအမျိုးအစားဖြစ်သည်။
- ရေကြည်ရေသန့်တွင် ပေါက်ဖွားသော ခြင်အမျိုးအစားဖြစ်သည်။
- ခြင်မများသည်ဥ ဥချပြီး လူတွေနှင့် နီးသောနေရာများတွင် အများဆုံး နေထိုင်တတ်သည်။
Aedes Mosquitoes မှ ကူးစက်တတ်သော ရောဂါနှင့်လက္ခဏာများ (သွေးလွန်တုပ်ကွေး)
- ရုတ်တရက်အဖျားကြီးခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ကြွက်သားရောင်ရမ်းခြင်း၊ အစာစားချင်စိတ်မရှိပဲ မအီမသာဖြစ်ခြင်းတို့ဖြစ်သည်။
- အဖျားရောဂါဖြစ်ပြီး (၃ - ၄) ရက်ကြာလျှင် အင်ပြင်များ ထွက်လာတတ်သည်။
- အဖျားရောဂါပျောက်ကင်းရန်အတွက် (၁၀) ရက်မှ (၁) လအထိ ရှည်ကြာတတ်သည်။
Culex Mosquitoes

- ဆင်ခြေထောက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းရောဂါများ ဖြစ်ပွားတတ်သော ခြင်အမျိုးအစား ဖြစ်သည်။
- အညိုရောင်ဖျော့ဖျော့ အရောင်ရှိသော ခန္ဓာကိုယ်ကို မြင်တွေ့နိုင်သည်။
- ရေညစ်၊ ရေဆိုး၊ အမှိုက်များဖြင့် ပြည့်နေသော ရေမြောင်းများ၊ ညစ်ညမ်းနေသော နေရာများတွင် သားပေါက်တတ်သည်။
- ခြင်မများသည် တစ်ကြိမ်တွင် ဥများစွာ ဥချပြီး များစွာသော ခြင်များကို ပေါက်ဖွားစေသည်။
Culex Mosquitoes မှ ကူးစက်တတ်သော ရောဂါနှင့်လက္ခဏာများ (ဆင်ခြေထောက်ရောဂါ)
- မြန်မာနိုင်ငံတွင် တွေ့ရှိရမှု အနည်းဆုံးရောဂါဖြစ်သည်။
- အဓိကအားဖြင့် အာဖရိကနိုင်ငံများတွင် အဖြစ်အများဆုံး ရောဂါဖြစ်သည်။
Anopheles Mosquitoes

- ငှက်ဖျားရောဂါ ဖြစ်ပွားစေတတ်သော ခြင်အမျိုးအစားဖြစ်သည်။
- အမဲရောင်ခန္ဓာကိုယ်ရှိပြီး အတောင်ပံတွင် အဖြူ (သို့) နီကျင်ကျင်အစက်များရှိသည်။
- နံနက်အာရုဏ်တက်ချိန်နှင့် ညဦးပိုင်းအချိန်တွင် ကျင်လည်ကျက်စားသော ခြင်အမျိုးအစား ဖြစ်သည်။
- အဓိကအားဖြင့် စိမ့်စမ်းရေ၊ စမ်းချောင်းနှင့် ရွှံ့နွံများတွင် သားပေါက်တတ်သည်။
- စိမ့်စမ်းရေ၊ တောတောင်တွင်းရှိသော ရေများနှင့် ရေချိုရေငံစပ်သော ရေအမဲရောင်တွင် ပေါက်ဖွားသော အမျိုးအစားဖြစ်သည်။
Anopheles Mosquitoes မှ ကူးစက်တတ်သော ရောဂါနှင့်လက္ခဏာများ (ငှက်ဖျားရောဂါ)
- ငှက်ဖျားရောဂါသည် လူခန္ဓာကိုယ်သို့ ဝင်ရောက်သည့်အခါ ကပ်ပါးကောင်များပုံစံဖြင့် အသည်းဆီသို့ ကူးပြောင်းသွားပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။