Pest Info
မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော ပိုးမွှားနှင့် အခြားသောအကောင်များ၏ သဘာဝအလျောက် ပေါက်ဖွား၊ နေထိုင်ကြီးပြင်းလာပုံကိုလေ့လာဖတ်ရှုနိုင်ပါသည်။ အချို့သော ပိုးမွှားနှင့် အကောင်များသည် လူ၊ အိမ်မွေးတိရစ္ဆာန်နှင့် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိသော်လည်း အချို့မှာမူ သဘာဝအလျောက် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အလို့ငှာ ရန်ပြုတတ်ပါသည်။ ပိုးမွှားနှင့် အကောင်လေးများ၏ သဘာဝကို နားလည်သိရှိခြင်းဖြင့် ကျရောက်လာနိုင်သော ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ပါသည်။
Flying Insects များ

Mosquito (ခြင်)
သွေးစုပ်တတ်သော အင်းဆက်မျိုးဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များကို စိတ်အနှောက်အယှက်ပေးရုံသာမက ရောဂါများကိုလည်း ဖြစ်ပွားစေပါသည်။

Bee (ပျား)
သစ်တော၊ ဥယျာဉ်ခြံများ၊ ပန်းစိုက်ခင်းများတွင် အသိုက်လုပ်နေထိုင်ကျပြီး ပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသော အင်းဆက်အမျိုးအစားများဖြစ်သည်။

Fly (ယင်ကောင်)
လူနှင့် ပတ်ဝန်းကျင်တွင် ဘက်တီးရီးယားပိုးမွှားများကို ပြန့်ပွားစေတတ်သော အင်းဆက် အမျိုးအစားဖြစ်သည်။

Wasp (နကျယ်ကောင်)
အသိုက်အနီးသို့ ကပ်လာသည်နှင့် ရန်မူတတ်ခြင်း၊ တုတ်ခြင်းတို့ပြုလုပ်ပြီး လူနှင့် အခြားသော တိရိစ္ဆာန်များကို အန္တရာယ်ပေးလေ့ရှိသည်။
Crawling Insects များ

Ant (ပုရွက်ဆိတ်)
အုပ်စုလိုက် နေထိုင်ကြသော အင်းဆက်များဖြစ်ပြီး ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ်မှတစ်ဆင့် ရောဂါပိုးမွှားများ ကပ်တွယ်၍ ပါလာတတ်သည်။

Bed Bug (ကြမ်းပိုး)
အကောင်ငယ်ဘဝမှ သက်တမ်းတစ်လျှောက်လုံးတွင် သွေးတစ်မျိုးထဲကိုသာ အထူးသီးသန့်စားသုံးသော အင်းဆက်အမျိုးအစားဖြစ်သည်။

Cockroach (ပိုးဟပ်)
ညအချိန်တွင် ကျင်လည်ကျက်စားတတ်သော ပိုးမွှားများဖြစ်သည်။ အုပ်စုဖွဲ့နေထိုင်တတ်ကျပြီး အပြေးမြန်ကြသည်။

Termite (ခြ)
အဆောက်အအုံနှင့် အနီးအနားတွင် အုပ်စုတည်ထောင်သည့်အခါတွင် အလွန်ဖျက်စီးအားကောင်းသော အကောင်များဖြစ်သည်။

Mite (မွှားပင့်ကူ)
လူနှင့်နီးသော နေရာများတွင် တွေ့နိုင်သောမွှားများမှာ ကိုက်တတ်သော မွှားအမျိုးအစားနှင့် သွေးစုပ်သော မွှားအမျိုးအစားများကိုသာ တွေ့နိုင်သည်။